အမေရိကန်မှာ လူသေဆုံးနိုင်တဲ့ ကူးစက်ရောဂါပိုး အသစ်တစ်မျိုးတွေ့
အမေရိကန်နိုင်ငံ ကန်ဆက်မြို့မှာ လူနာတစ်ဦးသေဆုံးမှုကနေ ရောဂါပိုးအသစ်တစ်မျိုးတွေ့ရှိကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက အတည်ပြုလိုက်ပါတယ်။ ရောဂါပိုးအသစ်ကို ဘော်ဘွန်း လို့နာမည် ပေးထားပါတယ်။ အကြောင်းကတော့ ဘော်ဘွန်းဆိုတာ အဆိုပါရောဂါပိုးအသစ်နဲ့ သေဆုံးခဲ့သူ နေထိုင်ခဲ့တဲ့ မြို့နာမည် ဖြစ်နေလို့ပါ။
သေဆုံးခဲ့သူကို အင်းဆက်ပိုးမွှား တစ်ကောင် ကိုက်ခဲ့ရာကနေ ဒီရောဂါသစ်ဖြစ်လာခဲ့တာလို့ ရောဂါထိန်း ချုပ်ကာကွယ်ရေးဌာန ဖြစ်တဲ့ CDC ကခန့်မှန်းထားပါတယ်။
ကန်ဆက်ပြည်နယ်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ ၂၀၁၄ ခုနှစ် ဆောင်းရာသီတုန်းက သူ့ရဲ့ အိမ်အပြင်မှာ အလုပ်လုပ်နေရင်း အင်းဆက်ပိုးမွှားတစ်မျိုး ကိုက်ခဲတာ ခံလိုက်ရတာဖြစ်ပါတယ်။ အကိုက် ခံရပြီးနောက် နှစ်ရက်လောက်အထိ နေမကောင်းဖြစ်ခဲ့ပြီး သုံးရက်မြောက်နေ့မှာတော့ ဆရာဝန်ဆီသွား ခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံတက်ခဲ့ရပြီး ၁၁ ရက်အကြာမှာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါ တယ်။
အဆိုပါ အမျိုးသား ဆေးရုံတက်နေတုန်းမှာ စစ်ဆေးချက်တွေအရ ကူးစက်ရောဂါပိုးတစ်မျိုးကြောင့် ဒီလိုခံ စားခဲ့ ရတယ်လို့ အဖြေထွက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေငြာပါတယ်။ သွေးနမူနာကို CDC ဌာနဆီ ပို့ခဲ့ပြီးတဲ့နောက် ဓါတ်ခွဲစမ်းသပ်မှုအရ ကူးစက်ရောဂါပိုးအသစ်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပြီလို့ သတ်မှတ်ထားကြပါတယ်။
ဒါကြောင့် ကူးစက်ရောဂါပိုးပါတဲ့ အင်းဆက်ပိုးမွှားတွေ အကိုက်မခံရအောင် လက်ရှည်အကျီ င်္နဲ့ ဘောင်းဘီရှည်တွေ ဝတ်ဆင်ဖို့ ကျန်းမာရေးဌာနက အကြံပြုထားပါတယ်။
Planet

မှတ်ချက်များ