ကမ္ဘာပေါ်က အလှတရားများကို စုစည်းနေသူ ဓါတ်ပုံဆရာမ
အလှတရားဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစု တစ်စု ဒါမှမဟုတ် ဒေသတစ်ခုတည်းမှာ ရှိတက်တာမဟုတ်ပဲ အားလုံးမှာ ကိုယ်ပိုင်အလှတရားရှိတယ်ဆိုတာ ဓါတ်ပုံဆရာမ Mihaela Noroc ကလက်ခံထားပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတလွှားက အလှတရားတွေကို စုစည်းဖို့ ကင်မရာကိုကိုင်ဆွဲပြီး သူခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
ရိုမေးနီးယားနိုင်ငံသူဖြစ်တဲ့ ဓါတ်ပုံဆရာမ Mihaela Noroc ဟာအလှတရားများ၏ အနှစ်ချုပ်လို့ အမည်ပေး ထားတဲ့ သူ့ရဲ့စီမံကိန်းအတွက် ကမ္ဘာပေါ်က မတူညီတဲ့ယဉ်ကျေးမှုနဲ့ လူမျိုးတွေကို ဓါတ်ပုံမှတ်တမ်းတင်ဖို့ ခရီးထွက်ခဲ့ပါတယ်။ ‘‘ ကမ္ဘာပေါ်မှာရှိတဲ့ မတူညီမှုတွေ၊ လူတွေရဲ့ ကွဲပြားချက်တွေ ကို ကျွန်မနှစ်သက် တယ်။ မျက်နှာတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပကတိ အလှတရားနဲ့ စစ်မှန်တဲ့ အလှကို ရှာကြည့်ပြီး ဓါတ် ပုံမှတ်တမ်းတင်ထားချင်ပါတယ်’’ လို့ ဓါတ်ပုံဆရာမ Noroc ကသူ့ရဲ့ဝက်ဆိုက်ပေါ်မှာ ရေးသားထားပါတယ်။
သူမဟာ ဒီအလှတရား အနှစ်ချုပ်ဆိုတဲ့ စီမံကိန်းအတွက် နိုင်ငံပေါင်း ၃၇ နိုင်ငံကို ခရီးထွက်ခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ သူမရဲ့စီမံကိန်းဒီထက် ပိုပြီးတိုးချဲ့နိုင်ဖို့အတွက် ရန်ပုံငွေ တစ်ရပ်လို အပ်နေပြီး paypal ကတဆင့် အလှူငွေလက်ခံထားပါတယ်။
‘‘ တကယ့်အလှတရားဆိုတာ ပကတိအတိုင်း အသက်ရှင်နေထိုင်ပြီး ကိုယ့်ရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်း ထားတာပဲလို့ ကျွန်မ ယူဆပါတယ်။ သဘာဝကျရမယ်။ ပကတိအလှ ဖြစ်ရမယ်။ ရိုးစင်းမှုတွေ ပါဝင်ရမယ်။ ဒါပေမယ့်လည်း ထူးခြားမှုဆိုတာလည်း ပါဝင်ဖို့လိုတယ်။ ဒါကိုက ကျွန်မအတွက် စစ်မှန်တဲ့ အလှတရားပါ ပဲ။ သွယ်လျနေဖို့ မလိုအပ်သလို ဖက်ရှင်ကျကျဝတ်ထားဖို့လည်း မလိုပါဘူး’’ လို့ သူမက ပြောပါတယ်။ သူမရဲ့ ဓါတ်ပုံမှတ်တမ်းတွေကို facebook နဲ့ Instagram တို့မှာ #AtlasofBeauty ဆိုတဲ့ နာမည်နဲ့ ရှာဖွေနိုင်ပါတယ်။
Planet

မှတ်ချက်များ