ဆယ်ကျော်သက်တွေ အိပ်ချိန်နည်းလာလို့ ပိုအိပ်ကြဖို့လို


လေ့လာမှုအသစ်တွေအရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ ဆယ်ကျော်သက်လူငယ်တွေရဲ့ အိပ်ချိန်ဟာ တဖြည်းဖြည်းလျော့ပါးလာခဲ့ပြီး အခုအခါ အိပ်ချိန်အနည်းပါးဆုံးကာလကို ရောက်နေပြီလို့ဆိုပါတယ်။ သုတေသီ တွေက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ ဆယ်ကျော်သက်လူငယ်ပေါင်း သုံးသိန်းနီးပါးကို မေးမြန်းပြုစုထားတဲ့ အချက်အလက်အရ မျက်မှောက်ခေတ်မှာ လူငယ်တွေရဲ့ အိပ်ချိန်ဟာ သမိုင်းတ
လျှောက်မှာ အနည်းပါးဆုံး ကာလကိုရောက်နေပြီလို့ ဆိုပါတယ်။

ဆယ်ကျော်သက်တစ်ဦးဟာ တစ်နေ့ကို ခုနှစ်နာရီ အိပ်ရင်လုံလောက်တယ်ဆိုပေမယ့် ဒီခုနှစ်နာရီပြည့်တဲ့ အထိ ဆယ်ကျော်သက်တွေ အိပ်စက်ခြင်းမရှိတော့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ အကြံပြုထားတာ ကတော့ ဆယ်ကျော်သက်တွေဟာ တနေ့ကို ကိုးနာရီကနေ ဆယ်နာရီကြားအိပ်သင့်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ်က ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိတဲ့ လူငယ်
တွေရဲ့ တစ်ဝက်လောက်ဟာ တနေ့ကိုခုနှစ်နာရီပြည့်အောင်တောင် အိပ်စက်နိုင်ခြင်း မရှိကြတော့ပါဘူး။
ပြောင်းလဲလာတဲ့ နည်းပညာခေတ်ထဲမှာ ဒီအခြေအနေဟာ အနာဂတ်မျိုးဆက်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဘာကြောင့်လဲဆိုတဲ့ အဖြေတိတိကျကျ မရသေးလို့ ဒီအိပ်စက်မှုအရေးပါကြောင်းကို လူထုနားလည် သဘောပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါမှသာ လူငယ်တွေအိပ် စက်ခြင်းနည်းပါးလာမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို ၁၉၉၁ ကနေ ၂၀၁၂ ခုနှစ်အကြား ပြုလုပ်ထားတဲ့ စစ်တမ်းအရ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Plane

မှတ်ချက်များ