ရုရှားသမ္မတပူတင်မှာ ကန်ဒေါ်လာဘီလျံ သန်း ၂၀၀ ဖြင့် အချမ်းသာဆုံးသူဖြစ်နိုင်


ရုရှားနိုင်ငံတွင် တချိန်က အကြီးမားဆုံးရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့သော CNN/screenshot Bill Browder Hedge Fund ၏ မန်နေဂျာဟောင်း ဘေဘရော်ဒါက ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာဘီလျံ ၂၀၀ အထိ ရှိနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ဖွယ်ရှိ
ကြောင်း CNN သတင်းဋ္ဌာနနှင့် တွေ့ဆုံရာတွင် ခန့်မှန်းပြော ကြားခဲ့သည်။

" ကျွန်တော့်အမြင်အရ ပူတင်ရဲ့ချမ်းသာကြွယ်ဝမှုက ကန်ဒေါ်လာဘီလျံ ၂၀၀ လောက် ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း ရုရှားနိုင်ငံ သြဇာအာဏာ ကြီးထွားနေချိန်မှာ နိုင်ငွံရဲ့ ရှာဖွေနိုင်ခဲ့တဲ့ အဲ့ဒီပိုက် ဆံတွေဟာ ကျောင်းတွေ၊ လမ်းတံတားတွေ၊ ဆေးရုံတွေ မှာ လုံးဝ အသုံးပြုခဲ့ခြင်း မရှိပါဘူး။ ဒီပိုက်ဆံတွေ ဟာ ဆွစ်ဇာလန်က ဘဏ်အကောင့်ထဲမှာပဲ ရှိနေခဲ့ပြီး သမ္မတပူတင်နဲ့ သူရဲ့ ခရိုနီတွေကပဲ ချုပ်ကိုင်ထား ခဲ့ကြတာ ဖြစ်ပါတယ်။ " ဟု ဘေဘရော်ဒါက ဆိုသည်။ လက်ရှိတွင် Microsoft လုပ်ငန်းစုကို တည်ထောင် ခဲ့သော သူဋ္ဌေးကြီး ဘီလီဂိတ်က ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၉ ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံးသူ အဖြစ် ရပ်တည်နေသည်။ KGB အဖွဲ့၏ ဒု-ဗိုလ်ချုပ်ကြီး ပူတင်မှာ ၁၉၉၉ တွင် ရုရှားဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၀ တွင် သမ္မတရာထူးကို စတင်ရယူခဲ့ခြင်း ဖြစ်သည်။

" ပူတင်ရဲ့ ရုရှားကို ပထမဆုံး အုပ်ချုပ်ခဲ့တဲ့ ပထမ ၁၀ နှစ်တာဟာ တတ်နိုင်သလောက် ငွေကြေးအကျိုးအ
မြတ် ရှာဖွေဖို့ပဲ ဖြစ်ခဲ့ပါတယ်။ ပူတင်ဟာ သူ သမ္မတ ဖြစ်လာပြီးနောက်မှာ သမ္မတဟောင်း ယဲ့ဆင် လက်ထက်က နေရာရခဲ့သူတွေကို ဖယ်ရှားခဲ့ပြီး စိန့်ပီတာ စဘတ်က သူ့လူအများစုကို အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် ယဲ့ဆင်လက်ထက်က လူအများစုကလည်း သူ့အပေါ် သစ္စာခံခဲ့ကြပါတယ်" ဟု အန်နီအက် ပယ်ဘန်းက New York Review of Books တွင် ရေးသားခဲ့သည်။ ၂၀၀၁ မှ ၂၀၀၇ အထိ ရုရှားစီးပွားရေး မှာ နှစ်စဉ် ပျမ်းမျှ ၇ ရာခိုင်နူန်း တိုးတက်လာခဲ့ပြီး ပူတင်နှင့်ရင်းနှီးသူများမှာ သာမန်ချမ်းသာသော အနေအ ထားမှ မယုံနိုင်လောကအောင် စီးပွားဖြစ်ခဲ့ကြသည်

Planet

မှတ်ချက်များ