ဘူတာရုံမှာ ပိုင်ရှင်စွန့်ပစ်သွားလို့ ငိုနေတဲ့ ခွေးကလေး
အင်္ဂလန်နိုင်ငံ Eastbourne မြို့က ဘူတာရုံထဲမှာ ခွေးလေးတစ်ကောင်းဟာ ပိုင်ရှင်ရဲ့စွန့်ပစ်သွားမှုကို ခံလိုက်ရပြီးနောက် သနားစဖွယ်မျက်နှာနဲ့ မျက်ရည်တွေ စီးကျနေခဲ့တာကြောင့် သူ့အကြောင်းဟာ အင် တာနက်ပေါ်မှာ ရေပန်းစားခဲ့ရပါတယ်။ ပိုင်ရှင်က ခွေးကလေးကို ကြိုးနဲ့ချည်ထားခဲ့ကာ ရှေ့မှာ သောက် စရာရေခွက်တခွက်ကလွဲလို့ ဘာမှမထားခဲ့ပဲ စွန့်ပစ်သွားတာဖြစ်ပါတယ်။
အနက်ရောင် Bull Terrier အမျိုးအစားဖြစ်တဲ့ ဒီခွေးလေးဟာ သူအများရဲ့ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံနေရ ချိန်မှာ သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာခဲ့ကြတာကို ခရီးသွားတွေက ဓါတ်ပုံမှတ်တမ်းတင်ထားနိုင် ခဲ့ပါတယ်။ အဲဒီနောက်မှာ ‘‘ ငိုကြွေးနေတဲ့ ခွေးကလေး’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ဓါတ်ပုံတွေကို အင်တာနက်
ပေါ်မှာ ဖြန့်ဝေခဲ့ကြပြီး ပိုင်ရှင်ရှာတွေ့ဖို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီခွေးကလေးကို ဘယ်သူမှ လာမခေါ်ခဲ့ကြလို့ စွန့်ပစ်ခံရတယ်ဆိုတာ Eastbourne မြို့ကောင်စီတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခွေးကလေးကို ပိုင်ရှင်မဲ့ခွေးတွေ စောင့်ရှောက်ရေးအသင်းက လာခေါ်သွားပြီး ပိုင်ရှင်တွေ့ဖို့ ကြိုးပမ်းနေကြပါတယ်။
‘‘ ဘူတာရုံထဲမှာ ခွေးလေးတစ်ကောင်ကြိုးချည်ထားပြီး စွန့်ပစ်ခံရတယ်လို့ ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ သတင်းပို့လာပါတယ်။ အခုတော့ သူ့ကိုလုံခြုံတဲ့နေရာက ခေါ်ယူသွားပါပြီး။ ခွေးအိမ်ထဲမှာ သူကောင်းကောင်း နေနေရပါတယ်။ အခုတော့ သူ့ရဲ့ပိုင်ရှင်ကို ခြေရာခံဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါမှမဟုတ်လည်း ပိုင်ရှင်အနေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်ဖို့ မေတ္တာရပ်ခံပါတယ်’’ ဟု Eastbourne ကောင်စီမှာ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
ခရစ္စမတ်ကာလ ပြီးသွားတဲ့အချိန်တုန်းက စကော့တလန်က Ayr ဘူတာရုံမှာလည်း ခွေးလေးတကောင် စွန့်ပစ်ခံခဲ့ရဖူးပါတယ်။ အဲဒီခွေးကလေးကိုတော့ ခရီးဆောင်လက်ဆွဲအိတ်နဲ့ ချည်နှောင်ထားခဲ့ပြီး လက်ဆွဲ အိတ်ထဲမှာ သူ့ရဲ့ခေါင်းအုံးနဲ့ ဘောလုံးအပြင် ကစားစရာတွေ ထည့်ပေးထားခဲ့တာဖြစ်ပါတယ်။ ခွေးကလေး Kai ရဲ့သတင်းဟာ ချက်ခြင်းပဲ ပျံ့နှံ့ခဲ့ပြီး ဝေးလံတဲ့ ဟောင်ကောင်၊ နယူးယော့ခ်လို နေရာမျိုးကတောင် သူ့ကိုလာခေါ်ပြီးမွေးစားဖို့ ဆက်သွယ်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ပိုင်ရှင်သစ်တစ်ယောက်ရဲ့လက်ထဲကို ခွေးကလေး Kai ရောက်ရှိသွားခဲ့ပါတယ်။
Planet

မှတ်ချက်များ