အင်္ဂါဂြိုလ်သို့ ထွက်ခွာပြီး ပြန်မလာချင်ကြသူများ


၂၀၁၂ တွင် အကျိုးအမြတ်မပါဘဲ ဖွဲ့စည်းထားသော အင်္ဂါဂြိုလ်စိတ်ဝင်စားသူများ အဖွဲ့က ယင်းတို့အနေဖြင့် အနီရောင် အင်္ဂါဂြိုလ်ကို တချိန်ချိန်တွင် သွားရောက်နေထိုင်မည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ယခုအခါ အင်္ဂါဂြိုလ်သို့ သွားရောက်လိုသူ လူပေါင်း ၂၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း လူလေးဦးပါ ယာဉ်တစီးစီဖြင့် သွားရောက်နိုင်ရန် မျှော်မှန်းထားကြသည်။ နောက်ဆုံး ဆန်ကာတင်စာရင်းတွင် ပါဝင်နေသူမှာ လူပေါင်း ၆၆၀ ဦးအထိ ရှိနေကြောင်း သိရသည်။

အင်္ဂါဂြိုလ်ပေါ်သို့ သွားရောက်ပြီး လုံးဝပြန်မလာချင်တော့သော နောက်ဆုံး ဆန်ကာတင်စာရင်းမှ လူသုံးဦး ၏ အမြင်များမှာ စိတ်ဝင်စားစရာ ကောင်းနေသည်။ ရိုင်ယန်ဆိုသူမှာ ဗြိတိန်မှ ရူပဗေဒကျောင်းသားတစ်ဦး
ဖြစ်ပြီး ပိုင်အက္ခရာ၏ ဂဏန်း ၉၀ ခန့်ကို ရွတ်ဆိုနိုင်သူ ဖြစ်သည်။ ရိုင်ယန်မှာ လိင်ကိစ္စကိုသာမက နမ်းရှုံမှု ကိုပင် တစ်ခါမှ မလုပ်ဖူးသူဖြစ်သည်။ ငယ်စဉ်ကပင် ဖခင်က ယင်းနှင့် ယင်း၏ ညီမ ဖြစ်သူကို စွန့်ပစ်သွား ခဲ့ပြီး ဘ၀တစ်ခုလုံး ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ရိုင်ယန်က ယင်းအနေဖြင့် အင်္ဂါဂြိုလ်ပေါ်သို့ သွား လိုခြင်းမှာ အားလုံးကို စွန့်ပစ်လိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

နောက်တစ်ယောက်က အီရန်-အမေရိကန်သွေးနှောသော ကွန်ပျူတာသိပ္မံကျောင်းသူလေး ဒီယာနာ ဖြစ် သည်။ ဒီယာနာမှာလည်း အီရန်မှ ထွက်ခွာကတည်းက မိသားစုနှင့် နောက်တစ်ကြိမ် ပြန်မတွေ့ရတော့ဟု ပိုင်းဖြတ်ထားခဲ့သူ ဖြစ်သည်။ ဒီယာနာအတွက် အချစ်ဆိုသည်မှာ ခံစားမှုဆိုင်ရာ လိုအပ်ချက်တစ်ခုသာ ဖြစ်ပြီး အယုံအကြည်လည်း မရှိဟု ဆိုသည်။ ဒီယာနာအတွက် အင်္ဂါဂြိုလ်ပေါ်သို့ သွားမည့်ကိစ္စမှာ လက် ထပ်သလို၊ ကလေးမွေးသလိုနှင့် သေရသလို ရူးသွပ်ဖွယ်ရာ အလုပ်တစ်ခုပင် ဖြစ်သည်။

နောက်ဆုံးတစ်ဦးကတော့ မိုဇမ်ဘစ်မှ ဂျရီမီရာအမည်ရှိ ဆရာဝန်တစ်ဦးဖြစ်သည်။ ဂျရမီရာက ကမ္ဘာကြီး တွင် ဖြေရှင်း၍ မရနိုင်သော ပြဿနာများစွာ ရှိနေပြီး အရာအားလုံးကို အစမှ ပြန်လည်စတင်သင့်သည်ဟု မြင်ထား သည်။ အဖြေကတော့ ဂြိုလ်သစ်တစ်ခုပေါ်တွင် အားလုံးကို ပြန်လည်စတင်ဖို့ ဖြစ်သည်။ ဂျရမီရာက ယင်းအနေဖြင့် မချစ်ဘဲ မနေနိုင်သော်လည်း အင်္ဂါဂြိုလ်နှင့် ပက်သက်လာလျှင်မှု မရရအောင် ဖြေရှင်းသွားမည် ဟုဆိုထားသည်။

Planet

မှတ်ချက်များ