ဘီယွန်းဆေးရဲ့ ကြော်ငြာဓါတ်ပုံတွေ ပေါက်ကြား
ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးမှု မပြုလုပ်ရသေးတဲ့ ကမ္ဘာကျော်အဆိုတော် ဘီယွန်းဆေးရဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ်မှာ ပေါက်ကြားသွားတဲ့အခါ အားလုံးအံ့အားသင့်သွားခဲ့ကြ ရပါတယ်။ အကြောင်းကတော့ မိတ်ကပ်လိမ်းထားပေမယ့် ကွန်ပြူတာဆော့ဖ်ဝဲတွေနဲ့ မပြုပြင်ရသေးတဲ့ ဘီယွန်ဆေးရဲ့ မျက်နှာဟာ သာမန်လူတွေလောက်ပဲ လှတာကို တွေ့လိုက်ရကြလို့ ဖြစ်ပါတယ်။
L ‘Oreal အလှကုန်ပစ္စည်းတွေတွက် ကြော်ငြာရိုက်ဓါတ်ပုံတွေ ရိုက်ကူးထားတဲ့ ဘီယွန်းဆေးရဲ့ မျက်နှာမှာ ဝက်ခြံတွေပေါက်နေတာ တွေ့လိုက်ရပြီး MTV တွေထဲမှာ၊ ကြော်ငြာဆိုင်းဘုတ်တွေမှာ တွေ့ရသလို ချော မွတ်မှု ရှိမနေတာကြောင့် အားလုံးအံအားသင့်ခဲ့ရပါတယ်။ ဒီလိုကွန်ပြူတာ အထူးပြုလုပ်ချက်မပါတဲ့ ဘီယွန်းဆေးရဲ့ ဓါတ်ပုံပေါင်း ၂၀၀ လောက်ဟာ The Beyonce World လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုက စတင်ဖြန့်ချီခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ ပြန်လည်ဖြုတ်ချသွားခဲ့ပြီဖြစ်ပါတယ်။
ဘီယွန်ဆေးဘက်ကတော့ ဒီဓါတ်ပုံတွေ ပေါက်ကြားမှုအတွက် ဘာမှတ်ချက်မှ ပေးထားခြင်းမ ရှိသေးပေ
မယ့် တွစ်တာတို့လို လူမှုကွန်ယက်ဝက်ဆိုက်တွေမှာတော့ အတော်လေး ပျံ့နှံ့နေပြီဖြစ်ပါတယ်။ “ ဒါတကယ်ပဲ ဘီယွန်ဆေးလား” “ ဘီယွန်းဆေးမျက်နှာကိုကြည့်ရတာ ဆေးလိပ်သောက်တယ်နဲ့တူတယ် ” ဆိုတဲ့ မှတ်ချက်တွေလည်း တွစ်တာသုံးစွဲသူအချို့က ပေးထားကြပါတယ်။
ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် ဘီယွန်ဆေးလည်း မိတ်ကပ်သာလိမ်းပြီး ကွန်ပြူတာ အထူးပြုလုပ်ချက်မပါခဲ့ရင် သာမန်မိန်းကလေးတွေလိုပဲ ဆိုတာသိနိုင်ပါတယ်။
Planet

မှတ်ချက်များ