Fifty Shades of Gery ဇာတ်ကားကို ကင်ညာတွင် ပြသခွင့်ပိတ်ပင်


ဒါရိုက်တာ ဆမ်တေလာဂျွန်ဆင် ရိုက်ကူးပုံဖော်ထားတဲ့ Fifty Shades of Grey ရုပ်ရှင်ဇာတ်ကားဟာ ဝေဖန်မှုတွေ ဆက်တိုက် ရင်ဆိုင်နေရပြီးနောက် အရှေ့အာဖရိက,က ကင်ညာနိုင်ငံမှာတော့ ဒီဇာတ် ကားကို ပြသခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရုံတင်ပြသနေပြီဖြစ်ပေမယ့် ကင်ညာကတော့ နိုင်ငံအတွင်းက ရုပ်ရှင်ရုံတွေကို ပြသခွင့် မပြုထားပါဘူး။

တကယ်လို့ တားမြစ်ထားတာကို ချိုးဖောက်ပြီး ပြသမယ်ဆိုပါက ထောင်ဒဏ်၊ သို့မဟုတ် ငွေဒဏ် ဒါမှမ ဟုတ် နှစ်ရပ်လုံးပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ အာဏာပိုင်တွေဘက်က အမိန့်ထုတ်ထားလိုက်ပါတယ်။ ဒီဇာတ်လမ်းဟာ E.L. James ရဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး စွဲဆောင်မှုရှိတဲ့ လူငယ်သဌေးလေး Grey နဲ့ ညှို့အားပြင်းတဲ့ အမျိုးသမီးငယ်လေး Steele တို့ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တယ်ဆိုပြီး အင်္ဂလန်မှာလည်း ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။

Planet

မှတ်ချက်များ