ရွှေအကြောင်းသိကောင်းစရာ


ရွှေပဲရည်...
၁၆ ပဲရည် ဆိုတာက၁၀၀%puregoldပါအခေါက်ရွှေမီးလင်းရွှေလို့လဲခေါ်ပါ
တယ်။
၁၅ ပဲရည် ဆိုတာကတော့ အခေါက်ရွှေ ၁၅ပဲသားနဲ့ ကြေး ၁ ပဲသား ရောကျို ထားတဲ့ ရွှေပေါ့။
၁၄ ပဲ၂ ပြားရည်ဆိုရင် အခေါက်ရွှေ ၁၄ ပဲ ၄ ရွေးနဲ့ ကြေး ၁ ပဲ ၄ ရွေး ရောကျိုထားတဲ့ ရွှေပေါ့။

သချာင်္နည်းနဲ့ ပြောရရင် အချိုး(ratio)ပေါ့။
၁၅ ပဲရည်= အခေါက်ရွှေ ၁၅ပဲး ကြေး ၁ ပဲ
၁၄ ပဲရည်= အခေါက်ရွှေ ၁၄ပဲး ကြေး ၂ ပဲ
၁၃ ပဲရည်= အခေါက်ရွှေ ၁၃ပဲး ကြေး ၃ ပဲ
၁၄ ပဲ ၂ ပြား = အခေါက်ရွှေ ၁၄ပဲ ၄ ရွေးး ကြေး ၁ ပဲ ၄ ရွေး

ရွှေတံဆိပ်...
အသုံးများတဲ့ အခေါက်ရွှေရဲ့ တံဆိပ်(brand) တွေက အကယ်ဒမီနဲ့ ဘသန်း ပါပဲ။ ဈေးကွက်မှာ အရောင်းအ၀ယ် အများဆုံးဖြစ်တာကတော့ အကယ်ဒမီ တံဆိပ်ပေါ့။
တံဆိပ်ဆိုတာက ရွှေသန့်စင်တဲ့ အလုပ်ရုံ(ရွှေလောကမှာတော့ ချွတ်ခန်းလို့ ခေါ်တယ်)က သူ့ဆီမှာ လာသန့်စင်တဲ့ရွှေကို နှိပ်ပေးလိုက်တဲ့ တံဆိပ်ပါပဲ။
ရွှေတူးဖော်ရေးလုပ်ငန်းက တူးလို့ရလာတဲ့ ရွှေတွေကို အဲဒီချွတ်ခန်းတွေမှာ သွားပြီး သန့်စင်ကြတယ်။
အကယ်ဒမီချွတ်ခန်းမှာ သွားသန့်စင်ရင်အကယ်ဒမီတံဆိပ်နဲ့အခေါက်ရွှေတုံး ရလာတာပေါ့။
အဲဒါကို ဈေးကွက်မှာ ပြန်ရောင်းကြတယ်။ချွတ်ခန်းတွေကလဲသူတို့တံဆိပ်ကို(၂)နှစ်(၃)နှစ်တစ်ခါဒီဇိုင်းပြောင်းတတ်တယ်။အဲလိုပြောင်းလိုက်ရင်ဒီဇိုင်း
အဟောင်းက ဈေးငါးရာ တစ်ထောင် လျော့သွားရော။

ရွှေအလေးချိန်...
နိုင်ငံခြားကထုတ်တဲ့ ရွှေဒင်္ဂါးပြားတွေ ရွှေတုံးတွေကတော့ အလေးချိန်တိကျ တယ်။ ရွှေတုံးရွှေဒင်္ဂါးပေါ်မှာ အလေးချိန်ကို တစ်ခါတည်း ရိုက်ထားတယ်။
တချို့က( gram )
တချို့က အောင်စ( ounce )
တချို့က( kilo )
တချို့က တိုလာ ( tolar )ချိန်နဲ့ ဒီမှာ ပြန်ချိန်ကြည့်ရင်
၁၀ gram = ၉ပဲ ၅ ရွေး
၁ kilo = ၆၀ကျပ် ၃ ပဲ ၄ ရွေး
၁ ounce = ၁ ကျပ် ၁၄ ပဲ
၁ tolar = ၇ ကျပ် ၂ ရွေး

ရွှေဈေး...
ရွှေဈေးတက်ကျတဲ့ အကြောင်းရင်းတွေမှာ ကမ္ဘာ့ဈေး တက်၊ ကျတာကလဲ ရန်ကုန်မှာ ရွှေဈေးတက်၊ ကျဖြစ်စေတဲ့ အကြောင်းထဲမှာ ထိပ်ဆုံးက ပါပါ တယ်။ ကမ္ဘာ့ဈေးတက်မယ် ခန့်မှန်းနိုင်ရင် ရန်ကုန်မှာ ကြိုဝယ်ထားလိုက်ရင်

သေချာပေါက် အကျိုးအမြတ် ရနိုင်ပါတယ်။ ကမ္ဘာ့ဈေးတက်မလား ကျမလား ဆိုတာကတော့ နိုင်ငံတကာရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို မျက်ခြေမပြတ် နားစွင့်ထားရပါတယ်။ ကမ္ဘာ့ဈေး တက်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ စတော့ ဈေးကွက်အခြေအနေ မကောင်းတာ၊ ဘဏ်တွေ အခြေအနေမကောင်းတာတွေပေါ့။ အဲဒီအခါလူတွေကစတော့ တွေထုတ်ရောင်းပြီး ရွှေဝယ်၊ ဘဏ်ကငွေထုတ်ပြီး ရွှေဝယ်နဲ့ ရွှေဈေးတက် တတ်ပါတယ်။

 နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ဖို့အခြေအနေ တင်းမာနေ ရင်လဲ ရွှေဈေးတက်တတ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ပေါ်လစီ အပြောင်းအလဲ အမေရိကန်ရဲ့ ပေါ်လစီ အပြောင်းအလဲတွေကလဲ ရွှေဈေးကို အများကြီး ပြောင်းစေပါတယ်။ ဥပမာ-ဘဏ်တိုးနှုန်းတွေ လျှော့လိုက်ရင် လူတွေက ဘဏ်က ငွေထုတ်ပြီး ရွှေဝယ်ကြတော့ ရွှေဈေးတက်တာပေါ့။

(၂၀၁၄ခုနှစ်၊ စက်တင်လဘာလထုတ် Myanmar Banking & Finance မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၄) (၅) (၆)မှ ကောက်နှုတ်ဖော်ပြပါသည်။)

မှတ်ချက်များ