စားသောက်ဆိုင်အတွင်း လူ ၈ဦးကို ပစ်သတ်ပြီး သေနတ်သမား ကိုယ့်ကိုယ်ကိုယ် သတ်သေ


စိတ်ဖောက်ပြန်သူဟု ယူဆရသည့် လက်နက်ကိုင်တစ်ဦးက ချက်နိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်
ရောက်ပစ်ခတ်ခဲ့ရာ လူ ၈ဦးသေဆုံးခဲ့ပြီး လူ ၁၀ဦးကျော်ဒဏ်ရာ ရခဲ့ကြောင်း Dailymail သတင်းဌာနက ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက ချက်နိုင်ငံ အရှေ့ပိုင်း ယူဟာစကီဘရော့မြို့ရှိ စားသောက်ဆိုင်တွင် အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ကြောင်း သိရသည်။

သေနတ်သမားသည် စားသောက်ဆိုင်ကို ဝင်ရောက်ပစ်ခတ်ခြင်းမပြုမီ မိနစ် ၂၀ အလိုတွင် အခပေးရုပ်သံ လိုင်း Prima TV သို့ ဖုန်းဆက်၍ ၎င်း၏အစီအစဉ်ကို ကြိုပြောခဲ့ကြောင်း အဆိုပါရုပ်သံဌာနက ပြောသည်။ အခင်းဖြစ်ပွားခဲ့စဉ် စားသောက်ဆိုင်အတွင်း လူ ၂၀ ခန့်ရှိပြီး သေနတ်သမားမှာ ရည်ရွယ်ချက် မရှိဘဲ မြင်သမျှလူတိုင်းကို လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် ယခုဖြစ်ရပ်မှာ အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုမဟုတ် ဘဲ စိတ်ဖောက်ပြန်သူ၏ တစ်ကိုယ်တော် ကျူးလွန်မှုသာ ဖြစ်ကြောင်း ယူဟာစကီဘရော့ မြို့တော်ဝန်က ပြောသည်။

Nz ရိုးရာလေး

မှတ်ချက်များ