ကြိုးစားနေသူတိုင်းမှာရှိတဲ့ တူညီအချက် (၁၂) ချက်


၀၁.ဘယ်လိုပြသာနာနဲ့ပဲကြုံကြုံ အေးအေးဆေးဆေး ဖြေရှင်းနိုင်တယ်။

၀၂.ဖြေရှင်းရခက်တဲ့ ပြသာနာကို ဖြေးဖြေးနဲ့ပြီးမြောက်တဲ့အထိဖြေရှင်းနိုင်တယ်။

၀၃.ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ့်ဟာကို ဆုံးဖြတ်မယ်လို့ ခံယူထားတယ်။

၀၄.စိတ်ကောလူကော ပင်ပန်းလာရင် ဘယ်လို အပန်းပြေရမလဲဆိုတာကို သိတယ်။

၀၅.သိမ်ငယ်တဲ့စိတ် အားငယ်တဲ့စိတ် က ကိုယ်နဲ့မဆိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။

၀၆.ဘယ်လောက်ပဲ သေးမွှားတဲ့ကိစ္စဖြစ်ပါစေ ကိုယ့်အတွက် အကျိုးရှိမယ့်ဟာကို တွေ့အောင်ရှာတတ်တယ်။

၀၇.ခေါင်းထဲမှာ ကိုယ်ဟာဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကို အမြဲတန်းစဉ်းစားပြီး လက်တွေ့လုပ်တယ်။

၀၈.တကယ်ကို ကံမကောင်းတဲ့အချိန်ပဲ ဖြစ်ပါစေ။ စိတ်ဓာတ်မကျပဲ ပျော်အောင်နေတတ်တယ်။

၀၉.ကိုယ့်မှာ အရည်အချင်းရှိပြီး ဘာလုပ်လုပ်အောင်မြင်မယ်လို့ အမြဲတမ်းတွေးနေတယ်။

၁၀.ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ချစ်ခင်လေးစားတယ်။

၁၁.စကားပြောရင်လည်း ကောင်းသတင်းကို ရွေးပြီးပြောလေ့ရှိတယ်။

၁၂.ပြောင်းလဲလို့မရတဲ့တချို့ကိစ္စလေးတွေကို အတိုက်အခံ မလုပ်ပဲ လက်ခံလေ့ရှိတယ်။

Chelmo Team

မှတ်ချက်များ