ကောင်လေးတွေကို ရင်ခုန်စေမဲ့ ကောင်မလေးတွေရဲ့စကား (၅) ခွန်း


၀၁.ကိုယ်ကြိုက်တဲ့ မိန်းကလေးက ဘယ်လို မိန်းကလေးမျိုးဖြစ်မလဲဟင်။

မိန်းကလေးဘက် ကတော့ ဘာရည်ရွယ်ချက်မှမရှိပဲ သိချင်လို့မေးတာကို ယောင်္ကျားလေးတွေမှာတော့ ကိုယ့်ကိုကြိုက်လို့မေးနေ တယ်လို့ ရဲရဲဝံ့ဝံ့ကို အဓိပ္ပာယ်ကောက်တတ်တဲ့အတွက် သတိထားပါ။

၀၂.ဟိုဟာလေ …. ရည်းစားရှိလားလို့။

မိန်းကလေးက ကိုယ့်ကို ရည်းစားရှိလားလို့ မေးနေမှတော့ မိန်းကလေးက ကိုယ့်ကို စိတ်ဝင်စားနေပြီလို့ ရဲရဲကြီးကို စိတ်ထဲမှာအပျော်ကြီးပျော်နေပါပြီ။ဒီစကားလေးကိုလည်း သတိထားနော်။

၀၃.ဒီနေ့ အတူတူ တခုခုသွားစားရအောင်နော်။

သူ့ကိုခင်လို့ အတူတူ သွားပြီး စားရအောင်လို့ ခေါ်တာကို သူဘက်မှာတော့ ငါ့ကိုဒီကောင်မလေးကြိုက်နေပြီ။ ဒါဟာအခွင့်အရေးလို့တွေးကိုတွေးမှာပါ။

၀၄.ဒီမုန့်လေးအရမ်းစားလို့ကောင်းတာ.. တခုလောက် စားကြည့်မလား။ ကဲ ပါးစပ်ဟပါဆို …

မိန်းကလေးကနေ ခွန့်ကျွေးတယ်ဆိုတာ ယောင်္ကျားလေးတွေမှာတော့ အပျော်ဆုံးအချိန်တခုဖြစ်သလို မိန်းကလေးက ကိုယ်ကိုကြိုက်နေတယ်လို့ တဖက်သတ်ကြီး ဆုံးဖြတ်ချက်ချလိုက်မှာပါ။

၀၅.သမီးဆိုရင် မဖြစ်နိုင်တဲ့အလုပ်ကို အကိုကကူညီပေးတဲ့အတွက် ကျေးဇူးပါနော်။

မာနကြီးတဲ့ ယောင်္ကျားလေးတွေကို ကျေးဇူးပါလို့ မိန်းကလေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက် ရင် ယောင်္ကျားလေးတွေရဲ့စိတ်ထဲမှာတော့ အရည်ပျော်နေပါပြီ။
ဒါကိုအခွင့်ကောင်းဆိုပြီးနည်းမျိုးစုံနဲ့နီးစပ်အောင်ကြိုးစားတတ်လို့ သတိထားနော်။

Chelmo Team

မှတ်ချက်များ