မုံရွာ ကြက်၊ ငုံးမွေးမြူရေးအထူးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား


မုံရွာမြို့အနီးရှိ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန်တွင် ငုံးခြံ နှင့် ကြက်ခြံအချို့၌ မွေးမြူထားသည့် ဥစားကြက်နှင့် ငုံးများ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားနေကြောင်း ဖေဖော် ၀ါရီ ၂၄ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘အခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်က ကြက်ငှက်တုပ်ကွေးရောဂါ (H5 N1) ဖြစ်ပွားတာပါ။ ရောဂါသံသယဖြစ်ဖွယ် စတွေ့တာက ဖေ ဖော်ဝါရီ ၁၀ ရက်က စတွေ့တာပါ။ ဖေဖော်ဝါရီ ၂၄ ရက်က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားတယ်ဆိုတာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး မွေးမြူရေး နှင့် ကု သရေးဦးစီးဌာနညွှန်ကြား ရေးမှူး ဒေါက်တာထွန်းအောင်က ပြောကြားသည်။

မုံရွာမြို့အရှေ့မြောက်ဘက် သာစည်လမ်းနှင့် အဝေးပြေးမြို့ ပတ်လမ်းမကြီးထောင့်ရှိ အဆိုပါ ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၅ ရက်အတွင်း လုပ်ငန်းရှင် ၂၃ ဦး၏ ငုံးမွေးမြူရေးခြံ ၂၆ ခြံမှ ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံးခဲ့ပြီး ရောဂါသံသယရှိ ငုံးကောင်ရေ နှစ်သောင်း သုံးထောင်ကျော် သုတ်သင် ရှင်းလင်းခဲ့သည်။ ကြက်မွေးမြူ ရေးလုပ်ငန်းရှင် ၁၉ ဦး၏ ဥစားခြံ ၂၄ ခြံမှ ကြက်ကောင်ရေ ၁,၂၄၃ ကောင် သေဆုံးခဲ့ပြီးရောဂါသံသယရှိ ကြက်ကောင်ရေ ၁,၅၀၀ ခန့် သုတ်သင်ရှင်း လင်းခဲ့သည်။

‘‘ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် အသေအပျောက်ရှိတဲ့ ခြံတွေက ငုံးခြံ ၂၆ ခြံ၊ ကြက်ခြံ ၂၄ ခြံရှိတယ်။ ကြက်ခြံတစ်ခြံမှာ အ ကောင် ၅၀၀ လောက်မွေးတယ်။ ကြက်တစ်ကောင် သုံးထောင်နှုန်း နဲ့ တွက်ချက် တယ်။ တစ်ခြံကို ကျပ် ၁၅ သိန်းခန့်မှန်းရပါတယ်။ ငုံးခြံ တစ်ခြံကို ခန့်မှန်းအကောင် ၇,၀၀၀ ငုံး တစ်ကောင် လျှင် ၂၅၀ နှုန်းနဲ့ တစ်ခြံကို ခန့်မှန်းတန်ဖိုး ကျပ် ၁၈ သိန်းဆုံးရှုံးပါတယ်’’ဟု မုံရွာ မြို့နယ် ကြက်၊ ငုံးမွေးမြူ
ရေးအ ထူးဇုန်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးအောင်သန်းဝင်းက ပြောကြားသည်။

‘‘ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်)တစ်ရက်တည်းမှာ သေဆုံးတဲ့ ကြက် ၅၄၈ ကောင်၊ ငုံးက ၁,၀၂၃ ကောင်ရှိ ပါတယ်။ ဇုန်အတွင်းက ကြက်၊ ငုံးတွေကို ဇီဝလုံခြုံရေးအရ ဈေးကွက်တင်ပို့ ရောင်းချခွင့်မပြုပါဘူး။ မွေးမြူရေးခြံပိုင်ရှင်တွေ ကိုယ်တိုင်က မိသားစုဝင်တွေကို ကူးစက်မှုမရှိအောင် ခြံပိုင်ရှင်တွေရဲ့ ဆန္ဒနဲ့အညီ သေဆုံးနေတာတွေရော၊ မသေဆုံးဘဲ ရောဂါသံသယရှိတဲ့ အကောင်တွေရော စနစ်တကျမြေမြှုပ်ရှင်း လင်းပေးရတာတော့ ရှိပါတယ်’’ဟု မုံရွာမြို့နယ် ကြက်၊ ငုံးမွေးမြူရေး အထူးဇုန် ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေးအထူးဇုန်တွင် ကြက်မွေးမြူ ရေးခြံ ၃၀၀ ကျော် ရှိပြီး ကြက် ကောင်ရေ တစ် သိန်းလေးသောင်း ကျော်ရှိကာ နေ့စဉ် ကြက်ဥအလုံး ရေ ရှစ်သောင်းကျော် ဈေးကွက်သို့ တင်ပို့ရောင်းချ သည်။ ငုံးမွေးမြူရေးခြံ ၁၀၀ ကျော် ရှိပြီး ငုံးကောင်ရေ ငါးသိန်းကျော်မှ နေ့စဉ် ငုံးဥအလုံးရေ သုံးသိန်းကျော် ဈေးကွက်သို့ တင်ပို့ ရောင်းချနေသည်။

ဇီဝလုံခြုံရေးလုပ်ငန်းများအဖြစ် မွေးမြူရေးဇုန်အတွင်း ၀င်ထွက်သွားလာခွင့်ကို တင်းကျပ်စွာ တားမြစ်ထားပြီး ရောဂါဖြစ်ပွားသော ကြက်၊ ငုံးများကို စနစ်တကျမြေမြှုပ်နှံနိုင်ရန် သတ်မှတ် နေရာများထားရှိ ဆောင်ရွက် လျက်ရှိသည်။ မွေးမြူရေးဇုန်အ တွင်း လူနေထိုင်မှုလျှော့ချစေခဲ့ပြီး ရောဂါဖြစ်ပွားမှု မရှိသေးသော မွေးမြူရေး ခြံများကို ဇီဝ လုံခြုံ ရေးအဖြစ် ခြံဖျန်းဆေးများ ပက် ဖျန်းနိုင်ရန် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ အခမဲ့ ကူညီပံ့ပိုးမှု များ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု တာ ၀န်ရှိသူများက ဆိုသည်။

ရောဂါကြောင့် သေဆုံး သော ကြက်၊ ငုံးများကို စနစ်တ ကျစွန့်ပစ်ရန် သတ်မှတ်နေရာများ ၌ မြှုပ်နှံရပြီး ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမရှိစေရန် တားမြစ်ထားသည်။ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်မှုမ ရှိသော ဒေသများမှ ကြက်၊ ငုံးများ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုများရှိပြီး အဆိုပါကြက်သား၊ ငုံးသား များကို စနစ်တကျချက်ပြုတ်စားသောက်ပါက ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်မှုမရှိနိုင်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားမှုဖြင့် ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ် ကာကွယ်တားဆီးရေးအ ဖွဲ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးဝန် ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ တိမွေးကုတို့မှ တာဝန်ရှိသူများ ပါဝင်သည်။

မုံရွာမြို့တွင် ၂၀၀၆ ကလည်း ရပ်ကွက်များအတွင်းရှိ မွေးမြူရေးခြံများတွင် စတင်ဖြစ်ပွားခဲ့ဖူးသည်။

ထို့နောက်ပိုင်း ကြက်၊ ငုံးမွေးမြူရေးအထူးဇုန်ကို မုံရွာမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပတွင် ၂၀၀၇ ၌ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၁၂ တွင်လည်း ဇုန်အတွင်းကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သေးသည်။

မျိုးမင်းဦး | 7Day

မှတ်ချက်များ