သဘာဝအရင်းအမြစ်ကိုအခြေခံသော နယ်ပယ်များတွင်သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဟုဆို
ယခင်အစိုးရ လက်ထက်မှ ယခုအစိုးရလက် ထက်အထိ ၂၇ နှစ်ကျော်ကာလ အတွင်း ရေနံတူးခြင်း၊ တွင်း ထွက် သယံဇာတများတူးဖော်ခြင်း အစ ရှိသည့် သဘာဝအရင်းအမြစ်ကို အခြေခံသော နယ်ပယ်များတွင် သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများခဲ့ ကြောင်းသတင်းရရှိသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနက် ၇၄ ရာခိုင်နှုန်းမှာ သဘာဝ အရင်းအမြစ်ကို အခြေခံသော နယ်ပယ်တွင် မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးဆဲဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်ကပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင် စုလွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေး၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ် ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာ တင်သွင်းရာတွင် ကော်မရှင် ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအတွင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ၌ ၂၇ နှစ်အတွင်း လုပ်ငန်းပေါင်း ၇၈၃ ခုရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၄၉ ဘီလီယံကျော်ခွင့်ပြု ပေးခဲ့ပြီး လက်ရှိတွင် လုပ်ငန်း ပေါင်း ၅၂၂ ခုမှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အစီ ရင်ခံစာ၌ ဖော်ပြပါရှိသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုစီးဝင် ရာတွင် အစိုးရ အပြောင်းအလဲပြုလုပ်ခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း အများဆုံးစီး ဝင်ခဲ့ခြင်းဖြစ်ကာ အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံကျော်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ် လုပ်ရောင်းချခြင်း လုပ်ငန်းများ တွင် ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်များကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ နယ် သာလန်၊ ဆွီဒင်နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများ ပြန်လည်ဝင်ရာက် လာပြီး ယခင်က ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခဲ့သည့် ဆွီဒင်နှင့် ဆာမို ရာ နိုင်ငံတို့မှာ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံလာကြောင်း ဦးဇေ ယျာအောင်က ပြောသည်။
မင်းဟိန်းကျော်၊ ရဲနိုင် | 7Day

မှတ်ချက်များ