နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် အဆုတ်သန့်ဆေး
နှစ်ရှည်ကြာ ဆေးလိပ်သောက်သူအများစုဟာ ချောင်းဆိုးရင်ကျပ်နာ သို့မဟုတ် အတောမသတ်နိုင်တဲ့ ချောင်းဆိုးဝေဒနာကို ခံစားကြရပါတယ်။
ဆေးလိပ်သောက်သူတွေ လုပ်နိုင်တဲ့ အကောင်းဆုံးနည်းက ဆေးလိပ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအကျင့်ဆိုးကို ထားခဲ့ဖို့ စိတ်မနိုင်ဘူးဆိုရင် အနည်းဆုံး အဆုတ်သန့်စင်ဖို့အတွက်တော့ လုပ်နိုင်ပါ တယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နနွင်းတို့ကို များများစားပေးပါ။ အဲဒါတွေဟာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါဘယတွေကို ကောင်းကောင်း ကာကွယ်နိုင်တယ်။ နနွင်းမှာဆိုရင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကင်ဆာရောဂါတွေကို ခုခံပေးနိုင်တဲ့ အစွမ်းတွေ ပါရှိပါတယ်။ ၄င်းမှာ Omega-3 အဆီအက်ဆစ်တွေ များစွာပါဝင်ပြီး ဒါကို နေ့စဉ်နဲ့အမျှ အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။
လိုအပ်သောပစ္စည်းများ
ကြက်သွန်နီ (၁) ကီလို
ရေ (၁) လီတာ
သကြားအညို (၄၀၀) ဂရမ်
နနွင်း လက်ဖက်ရည်ဇွန်း (၂) ဇွန်း
စိတ်စိတ်လေးလှီးထားတဲ့ ဂျင်း
သကြားကို ရေနဲ့ရောပြီး မီးဖိုပေါ် ကျိုချက်ပေးပါ။ ဂျင်း၊ နနွင်းနဲ့ ကြွက်သွန်နီအခွံခွာ၊ ခလယ်ကနေလေးပိုင်း ပိုင်းပြီး ရောထည့်ပါ။ ရေစတင် ဆူပွက်လာရင် မီးအပူရှိန်လျော့ပါ။ ရေထက်ဝက်လောက်ခန့် လျော့လာသည့် အထိ ချက်ပေးပါ။ အားလုံးပြီးဆုံးသွားပြီဆိုရင် အရေစစ်ထုတ်ပြီး ဖန်ခရားထဲ ပြောင်းထည့်ပါ။
အေးလာတဲ့အခါကျရင် ခရားကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။ အဲဒါကို မနက်တိုင်း အစာလုံးဝ မစားခင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ညနေစာမစားခင် (၂) နာရီကြိုတင်ပြီး စားပေးသင့်ပါတယ်။
Trend Myanmar

မှတ်ချက်များ