၉၅% ရာခိုင်နှုန်းသော မွတ်ဆလင်တွေ ဗြိတိန်အပေါ် သစ္စာရှိဟု စစ်တမ်းမှဆို


ဘီဘီစီမှ ပြုလုပ်သော ComRes စစ်တမ်းကောက်ယူမှု တစ်ခုအရ ဗြိတိသျှ မွတ်ဆလင် ၇၈% ဟာ တမန်
တော် မိုဟာမက်ပုံတွေကို ထုတ်ဖော်ကြောငြာမှုကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့လို့ တွေ့ရပါတယ်။ သို့ပေမယ့် ၂၄% တို့ဟာ တမန်တော်မိုဟာမက်ပုံတွေ ထုတ်ဖော်သူများအား ဆန့်ကျင် မှုဖြစ်စေတဲ့ ယင်းထုတ်ပြန်ကြောငြာချက် ဘယ်လိုမှ တရားမျှတမှု မရှိနိုင်ကြောင်း ဆန့်ကျင်ငြင်းဆိုခဲ့ကြပါ တယ်။

ဇန်နဝါရီလ ၂၆ ကနေ ဖေဖော်ဝါရီ ၂၀ အထိ မွတ်ဆလင်လူမျိုး အယောက် (၁၀၀၀) ကို မဲဆန္ဒကောက်ယူ ထားတဲ့ စစ်တမ်းမှာ ဗြိတိသျှမွတ်ဆလင် ၉၅% က ဗြိတိန်အပေါ် သစ္စာရှိကြတယ် လို့ သိရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဗြိတိသျှ လူမျိုးအများစုက မွတ်ဆလင်တွေကို အယုံအကြည်မရှိကြောင်း စစ်တမ်း
ကောက်ယူတဲ့ ယင်းအုပ်အဖွဲ့ ၃၅% လောက်က ယူဆခဲ့ပါတယ်။ အနောက်တိုင်း လူ့အသိုင်းအဝိုင်းက မွတ်ဆလင်နဲ့ သဟဇာတမဖြစ်နိုင်ဘူးလို့ သူတို့ ယုံကြည်ကြောင်း ၂၀% ကဆိုပါတယ်။

Trend Myanmar

မှတ်ချက်များ