လန်ဒန်က တော်ဝင်တရားရုံးမှာ ဓါတ်ပုံရိုက်စဉ် တစ္ဆေခြောက်


ဗြိတိန်တော်ဝင်မျိုးနွယ်တွေရဲ့ နေရာဟောင်းတစ်ခုဖြစ်တဲ့ Hampton တရားရုံးမှာ မိန်းကလေးငယ်တစ်ဦး ရိုက်လိုက်တဲ့ဓါတ်ပုံထဲမှာ သရဲတစ္ဆေလို့ ယူဆရတဲ့ အရိပ်အယောင်တစ်ခု ပါလာခဲ့တာကြောင့် နာမည်ကြီး သွားခဲ့ပါတယ်။ အဲဒီနေရာဟာ လန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက သရဲခြောက်တယ်လို့ နာမည် ကြီးနေတဲ့ နေရာလည်းဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ် ဟော်လီရိုက်လိုက်တဲ့ ဓါတ်ပုံထဲမှာ ပေါ်လာသူတဲ့အရိပ်ဟာ ခြောက်လှန့်တယ်လို့ နာမည်ကြီးနေတဲ့ ဂရေးလေဒီဖြစ်တယ်ဆိုတာ သူတို့က ယုံကြည်နေကြပါတယ်။ သူရဲ့ယောက်မဖြစ်သူ မက်ဂီးကို ဓါတ်ပုံရိုက်ပေးနေစဉ်မှာ ဒီအရိပ်က ထင်ရှားစွာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂရေးလေဒီလို့ခေါ်နေကြတဲ့သူဟာ ဗြိတိန်အဲလိဇဘက် ဘုရင်မကြီး(၁) ရဲ့ လက်ပါးတော်စေ တစ်ဦးဖြစ်သူ စင်ဘီလ်ပန် ဖြစ်တယ်လို့ မှတ်တမ်းရှိပါတယ်။ အဲဒီနန်းတော်ဟောင်းနေရာက အိမ်ထဲကို ဝင်သွားရင် တစ်ခါ တစ်ရံမှာ အခန်းတွေက အေးစက်လာပြီး အရိပ်လိုလိုအရာတွေ ဖြတ်သွားတာ တွေ့ကြလေ့ရှိတယ်လို့ လူတွေက ပြောကြပါတယ်။

ဓါတ်ပုံရိုက်ခဲ့တဲ့ မိန်းကလေးငယ်ရဲ့ မိခင်ဖြစ်သူ အန်ဂီကတော့ ဒီကိစ္စအတွက် သူမအနေနဲ့ ပြောစရာစကား မရှိအောင်ဖြစ်ရပြီး ဓါတ်ပုံရိုက်စဉ်တုန်းကလည်း အခန်းထဲမှာ ဘယ်သူမှ ရှိမနေခဲ့ဘူးလို့ ပြောပါတယ်။ ‘‘ သရဲမက လေပ်ါမှာမတ်တပ်ရပ်နေပြီး ဆံပင်ကျစ်တွေလည်း ဓါတ်ပုံထဲမှာ တွေ့ရတယ်။ အဲဒီဆံပင်ချောင်း
တွေက တကယ်ကြောက်စရာပါ’’ လို့ သူမရဲ့အမေဖြစ်သူက သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒါပေမယ့်လည်း သတင်းစာတိုက်က် ဓါတ်ပုံကျွမ်းကျင်သူ တစ်ဦးကတော့ ဒီဓါတ်ပုံမှာ တကယ်တော့ ဘာမှ မရှိပဲ သက်သက်လက်ဆော့ထားတာသာဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ ဓါတ်ပုံရိုက်စဉ် တကယ် ပဲ ပေါ်လာခဲ့တာလားဆိုတာကတော့ ဘယ်သူမှ တိတိကျကျမသိနိုင်တဲ့ ပုစ္ဆာတစ်ခုဖြစ်နေပါတယ်။

Planet

မှတ်ချက်များ