ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းတံခါးနှင့် နံပါတ်ပြားကို ကျပ်သိန်းငါးထောင်ဖြင့် နိုင်ငံခြားသားတစ်ဦးဝယ်ယူ


တက္ကသိုလ်ရပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်၏ တံခါးဟောင်းနှင့် အိမ်အမှတ်(၅၄)နံပါတ်ပြားကို အမေရိကန်နိုင်ငံသားတစ်ဦးက လေလံပိတ်မည့်မိနစ်ပိုင်းအလိုတွင် ကျပ်သိန်းငါး ထောင်ဖြင့် လေလံဆွဲ ဝယ်ယူခဲ့ ကြောင်း လေလံတင်ရောင်းချသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြော သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရစဉ် ဆယ်စုနှစ် နှစ်ခုကျော်ကာလတစ် လျှောက် အသုံးပြုခဲ့ သည့်အိမ်ခြံ ဝင်းဂိတ်တံခါးဟောင်းကြီးနှင့် (၅၄) ဆိုသည့် အိမ်နံပါတ်ပြား ဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ် သိန်းနှစ်ထောင်ဖြင့် လေလံ တင်ရောင်းချမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်ကကြေညာခဲ့ သည်။ အဆိုပါ တံခါးဟောင်း လေလံတင်ခြင်းကို Gate 54 အကောင့်အမည်ဖြင့် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်
ဖေဖော်ဝါရီ ၄ ရက်မှစတင်ကာ ဖော်ပြခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အသက် (၁၀၀)ပြည့်မွေးနေ့ ဖြစ်သော
ဖေဖော်ဝါရီ ၁၃ရက် နံနက် ၁၀နာရီ၌ လေလံပိတ် သိမ်းမည်ဖြစ်ကြောင်းကြေညာခဲ့ သည်။

‘‘ဗိုလ်ချုပ်မွေးနေ့ လေလံ မပိတ်ခင် ၃ မိနစ်အလိုမှာ အမေ ရိကန်နိုင်ငံသားတစ်ဦးက လေလံ ဆွဲတဲ့ အမြင့် ဆုံးကျပ်သိန်းငါး ထောင်ပေးပါတယ်။ ဒါကြောင့် သူ့ရဲ့ဖုန်းနံပါတ်နဲ့လိပ်စာတွေ လည်းရပြီ။ မြန်မာနိုင်ငံသား တစ် ယောက်က ကျပ်သိန်းသုံးထောင် နဲ့ အမြင့်ဆုံးဈေးပေးခဲ့သေးတယ်။ ဒါပေမဲ့ ဆက်သွယ်ကြည့်တော့ အလကားပဲ။ အီးမေးလ်မပြန်ဘူး။ အခုလေလံအောင်ခဲ့တဲ့သူနဲ့ တစ် နေ့ကို အီးမေးလ်လေးငါးစောင် ပြန်
နေတယ်။ သေချာပြီဆို အား လုံးကိုကြေညာပေးပါ့မယ်’’ ဟု တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ဖေဖော်ဝါရီ ၁၄ ရက်နံနက်၌ 7 Day Daily အားပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်း၌ တပ်ဆင်အသုံးပြုခဲ့သော ယင်း တံခါးဟောင်းနှင့် အိမ်နံပါတ်ပြားဟောင်းကို လေလံတင်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟန်းမြို့နယ်၊ ဒုဥက္ကဋ္ဌ
တော်ဝင်နှင်းဆီဦးစိုးညွန့်က ကြေညာခဲ့ပြီး ၎င်းအနေဖြင့် ထို အရာတို့ကို တရားဝင်လက်ဝယ် ရရှိထားသည် ဟုဆိုခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၁၃ မိနစ်က ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ်အ ကျယ်ချုပ်မှပြန်လည်လွတ်မြောက်လာခဲ့စဉ် တက္ကသိုလ်ရိပ်သာလမ်းအပြည့် ရောက်ရှိစောင့်ဆိုင်းနေသော လူအုပ်ကြီးကို ယင်းခြံဝင်းတံခါးဝမှနေ၍ ဗေဒါရောင်ရင်ဖုံးအင်္ကျီလက်ရှည် ဝတ်ဆင်ထားပြီး အိမ်ခြံသံတံခါးမှ သံချွန်များကိုလက်ဖြင့်ဆုပ် ကိုင်ကာ မိန့်ခွန်းပြောကြားခဲ့ဖူး သည်။

‘‘ကျွန်မကလည်း ပြည်သူတွေကိုချစ်ပါတယ်’’ ဆိုသော ကတ်ထူစာရွက်ပေါ်တွင်ရေးသားထားသောစာတန်း ကို ကိုင်ဆောင်ပြခဲ့သည်မှာလည်း သမိုင်းမှတ်တမ်းဝင်စကားဖြစ်ခဲ့သည်။ ခြံဝင်းဂိတ်တံခါးနှင့် အိမ်နံပါတ်
ပြားကို သားစဉ်မြေးဆက်သိမ်းဆည်းထားလိုသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့်မွေးနေ့အခမ်း အနားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ရုံးချုပ်တည် ဆောက်ရေးအတွက် လှူဒါန်းလိုသဖြင့် ရောင်းချခြင်းဖြစ် သည်ဟု တော်ဝင်နှင်း ဆီဦးစိုးညွန့်ကပြောခဲ့သည်။ ကျပ်သိန်းနှစ်ထောင်ကြမ်းခင်းဈေးဖြင့် ရောင်းချမည့်
လေလံ တင်ပွဲမှရရှိမည့် အလှူငွေအားလုံးကို လှူဒါန်းမည်ဟုပြောခဲ့ သည်။

‘‘တနင်္လာနေ့မှာ တရားဝင် ကြေညာပေးမှာပါ။ ကျွန်တော်တို့ က တရားဝင်အဖွဲ့အစည်းပါ။ ဒါကြောင့် တရား ဥပဒေအတိုင်း ဆက်လုပ်ပါမယ်။ လေလံကရတဲ့ ငွေကိုလည်း နိုင်ငံတော်ကို တရား ဝင်အခွန်အခပေး ပါမယ်’’ဟု တော်ဝင်နှင်းဆီဦးစိုးညွန့်က ဖေဖော်ဝါရီ ၁၄ ရက်နံနက်၌ 7 Day Daily အားပြောသည်။

အဆိုပါတံခါးကိုရောင်းချ ရန်နှမြောသော်လည်း ဗိုလ်ချုပ်၏ နှစ် (၁၀၀)ပြည့်မွေးနေ့ ခမ်းခမ်း နားနားကျင်း ပနိုင်ရန်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အ ဆောက်အအုံဆောက်လုပ်ရန် ငွေကြေး လိုအပ်သောကြောင့် ယခုကဲ့သို့ရောင်းချရန်ဆုံးဖြတ်ခဲ့ သည်ဟု ဦးစိုးညွန့်ကပြောသည်။

သန်းဌေး | 7day



မှတ်ချက်များ