ဒိန်းမတ်ကော်ဖီဆိုင်ကို အကြမ်းဖက်လက်နက်ကိုင်များ အချက်ရေ ၂၀၀ကျော် ပစ်ခတ်ခဲ့၊ တစ်ဦး သေဆုံး



ဖေဖော်ဝါရီ ၁၄ရက်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ရှိ ကော်ဖီဆိုင် တစ်ဆိုင်ကို လက်နက်ကိုင် အကြမ်း ဖက်သမားများက ပစ်ခတ်ခဲ့ကြရာ ဒေသခံတစ်ဦး သေဆုံးပြီး ရဲအရာရှိ (၃)ဦး ဒဏ်ရာရခဲ့ကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြသည်။ ကရက်တွန်ဒန်ကော်ဖီဆိုင်အတွင်း အနုပညာ၊ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်နှင့် ကိုးကွယ်ယုံကြည်ရာဘာသာတရားကို ပြစ်မှားမိခြင်း အကြောင်းရင်းများနှင့် စပ်လျဉ်း၍ စကားနပန်း အစီအစဉ် ကျင်းပခဲ့ပြီး မိုဟာမတ်ကို သရော်သည့် ကာတွန်းရေးဆွဲခဲ့သော ဆွီဒင်နိုင်ငံသား ကာတွန်းဆရာ လက်စ်ဗစ်လည်း စကားနပန်းပွဲသို့ လာရောက်ခဲ့သည်။

စကားနပန်း အစီအစဉ် ကျင်းပနေစဉ် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်များက ဆိုင်အပြင်ဘက်မှ အချက်ရေ ၄၀ကျော် ပစ်ခတ်ခဲ့သည်ဟု စကားနပန်းအစီအစဉ်ကို လာရောက်ကြည့်ရူခဲ့သည့် ဒိန်းမတ်နိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ် ဇီမာရေးက ပြောသည်။

'' အကြမ်းဖက်သမားတွေက ဆိုင်အပြင်ဘက်ကနေ ကျွန်တော်တို့ကို ပစ်ခတ်ခဲ့ပါတယ်။ သူတို့တွေ ဆိုင် ထဲဝင် မလာနိုင်တာကလွဲရင် (ဇန်န၀ါရီ ၇ရက်က) ပြင်သစ်မဂ္ဂဇင်းတိုက် ချာလီဟတ်ဒိုကို ၀င်ရောက်စီးနင်း ခဲ့သလိုမျိုးပါပဲ။ ကျွန်တော့်စိတ်ထင်အရ အနည်းဆုံး အချက်ရေ ၅၀လောက် ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိန်းမတ်ရဲတပ်ဖွဲ့ဝင်တွေကတော့ အချက် ၂၀၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ပြောထားတယ်။ အကြမ်းဖက် သမားတွေကိုတော့ မမိလိုက်ပါဘူး။ သူတို့ ဒီပတ်ဝန်းကျင်မှာပဲ ရှိနိုင်သေးတယ်'' ဟု ပြင်သစ်သံအမတ် ဇီမာရေးက ပြောသည်။

ဆွီဒင်နိုင်ငံသား ကာတွန်းဆရာ လက်စ်ဗစ်သည် မိုဟာမတ်ကို သရော်သည့် ကာတွန်းရေးဆွဲခဲ့ပြီးနောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အယ်လ်ကေးဒါးအဖွဲ့က ၎င်း၏ဦးခေါင်းကို ဖြတ်နိုင် သူအား အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ ပေးမည်ဟု ကြေညာခဲ့ဖူးသည်။ ယင်းအတွက် လက်စ်ဗစ်မှာ လုံခြုံရေး အစောင့်အရှောက်ဖြင့် သွားလာလှုပ်ရှားခဲ့ရပြီး ပြီးခဲ့သည့်နှစ်နှစ်က ၎င်းကိုလုပ်ကြံရန် စီစဉ် ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အမေရိကန် အမျိုးသမီးတစ်ဦးမှာ ထောင် (၁၀)နှစ်ချမှတ်ခံရဖူးသည်။

Nz ရိုးရာလေး

မှတ်ချက်များ