ကျူးဘားမှာ ကျားမ ပုဂ္ဂိုလ်များ(ဓါတ်ပုံ သတင်း)














Transgender ဆိုတာ ကျားနဲ့ မ သေချာ ခွဲခြားလို့ မရတဲ့ အလယ်စပ်ကြားလူ များ ဖြစ်ပြီးကျားလည်း ဖြစ်နိုင် သလို မလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ယောင်္ကျားလည်း အသွင်အပြင်နဲ့ အင်္ဂါကို ပိုင်ဆိုင်ပေမယ့် သူ့အနေနဲ့ မ အမူအကျင့်ကို ယူထားသူများ၊ မိန်းကလေး အင်္ဂါနဲ့ အသွင်အပြင်ကို ပိုင်ဆိုင်သည့်တိုင် အမျိုးသား အမူအ ကျင့်ကို ယူထားသူမျိုး အစရှိသဖြင့်တို့ကို Transgender အုပ်စုထဲ ထည့်ပြီး အများစုကတော့ အမျိုးသားက
နေ အမျိုးသမီး ဖြစ်ချင်သူများ ဖြစ်ပါတယ်။

Claudia González အမည်ရ ဓာတ်ပုံဆရာဟာ ကျူးဘား နိုင်ငံကို ရောက်တုန်း ရောက်ခိုက် ကျူးဘားက Transgender အဖွဲ့အစည်း တစ်ခုကို သွားရောက်လို့ ယခုလို ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအဖွဲ့ ဝင်ထားတဲ့ ကျား-မ လိင်မကွဲပြား အဖွဲ့ဝင်များကို ဓာတ်ပုံရိုက်ကူးတဲ့အခါ အမျိုးသမီးကဲ့သို့ ဝတ်ဆင်တာက တစ်ပုံ အမျိုးသားကဲ့သို့ ဝတ်ဆင်တာက တစ်ပုံ ရိုက်ကူးပြီး ယခုလို တွဲဆက် ဖော်ပြခဲ့ ပါတယ်။ ယင်းဓာတ် ပုံများကို Mashable ထဲမှာ ဖော်ပြခဲ့ပြီး ထပ်ဆင့် မျှဝေသူများ အင်မတန် များပြားခဲ့ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ