မဟောင်းသေးတဲ့ ပုံပြင်


တစ်ခုသော တနင်္ဂနွေနေ့ဖြစ်၏ ကျွန်ုပ်လည်းအလုပ်နားရက်ဖြစ် သည့်အတွက် အိမ်ရှိစာအုပ်စင်မှ စာအုပ် တစ်အုပ်ဖြင့် ငြိမ်ချမ်း နေလေရာ အဆိုပါစာအုပ်အတွင်းမှ ပုံပြင်လေး တစ်ပုဒ်အား များစွာ သဘောကျလှ သည်ဖြစ်သဖြင့် ဆက်စပ်ရင်း အတွေးနယ်ချဲ့ နေရတော့သည်။

" အခါတပါး၌ ဗရာဏသီပြည်ရှိ ဒီသာပါမောက္ခကြီးတစ်ဦးသည် အကျင့်သီလအရာတွင် အားနည်းနေသော မင်းသားတစ်ပါးအား ပညာပေးလိုသည်ဖြစ်သောကြောင့် မင်းသားနှင့်အတူ လမ်းလျောက် လာလေ၏ တစ်နေရာအရောက်တွင် ဆရာကြီးက တပြည့်အား လမ်းတွင်တွေ့ရသော အပင်ပေါက်ခါစ ညောင်ပင်လေး အား နုတ်စေရာ တပြည့်လည်း လက်မ လက်ညိုးဖြင့် အသာအယာ နုတ်ယူနိုင်လေ၏ ဆရာကြီးလည်း ဘာမျှမပြောဘဲ ဆက်ထွက်လာကြပြန်လေ၏ တစ်နေရာအရောက်တွင် တစ်တောင်ခန့်ရှိ ညောင်ပင်ကိုတွေ့ ရာ ဆရာကြီးမှ နုတ်ခိုင်းပြန်လေ၏ တပြည့်လည်း အသာအယာနုတ်ယူရာ မရသဖြင့် လက်နှစ်ဖက်ဖြင့် အားစိုက်နုတ်ယူရလေသည် ထိုနောက် ဆရာတပြည့်တို့လည်း ဆက်ထွက်လာကြပြန်ရာ တစ်နေရာအရောက်တွင် လူတစ်ရပ်ခန့်ညောင်ပင်ကို တွေ့ပြန်လေ၏ 

ဆရာကနုတ်စေရာ တပြည့်မှမည်သို့အားအင်ကိုသုံးစေကာမူ နုတ်မရဘဲရှိလေ၏ သို့သော် အကိုင်းအခက် များအား ချိုးယူသုတ်သင်ပါက အမြစ်မပြတ်သော်လည်း အပင်မရှင်နိုင်ဘဲ ဖြစ်မည့်အကြောင်း ဆရာကြီး အားပြောလေလျှင် ဆရာတပြည့်တို့ ဆက်ထွက်ကြပြန်၏ ခဏအကြာတွင် အရိပ်အဝါသကောင်းပြီး အကိုင်းအခက်အလက်နှင့် ပြည့်စုံသည့် လူငါးဦးဖက် စာမျှကြီးမားသော ညောင်ပင်ကြီးအား တွေ့ပြန်ရာ ဆရာကြီးက တပြည့်အား နုတ်ယူရန်ပြောပြန်၏ တပြည့်လည်း မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း အကိုင်းအခက် အလက်ပင် မဖယ်ရှာနိုင်ကြောင်း ပြောပြလေ၏

ထိုအခါ ပါမောက္ခဆရာကြီးမှ တပြည့်အား မကောင်သောအတွေး အကြံ မကောင်းသောစိတ်ဓါတ် တို့အား မကောင်းသည်ကို သိသည့်နှင့် ပယ်သတ်သုတ်သင်သင့်ကြောင်း ထို့သို့အစ အချိန်တွင် အသာအယာ သုတ်သင်နိုင်ကြောင့် အချိန်ကြာလာသည့်နှင့်အတူ မကောင်းသည့် အတွေး အကြံတိုသည် ညောင်ပင် ကဲ့သို့ ကြီးလာသည်ဖြစ်ရာ နောင်အချိန်တွင် ဘဝအတွက် မည်သို့မျှ မသုတ်သင်နိုင်ဘဲ ပျက်စီးရ မည်ဖြစ် သဖြင့် မကောင်းသည့်အရာအား အမြစ်မတွယ်မီ ရှင်းလင်ပစ်ရန်လိုကြောင်း ဆုံးမလေတော့သည် တပြည့်မင်းသားလည်း ဆရာကြီးအား ကျေးဇူးအထူးတင်လျက် မကောင်းသော စိတ်အကြံ တို့အားပြုပြင်ယူရာ နောင်တစ်ချိန်တွင် မင်းကျင့်တရားနှင့်ပြည့်စုံသော ဧကရာဇ်မင်းတစ်ပါးဖြစ်ခဲ့လေသည်" ဟုသောပုံပြင်လေးဖြစ်လေ၏။

ထိုပုံပြင်ကလေးက များစွာကောင်းလှလေ၏ ခေတ်မှီနေသည်မှာ အမှန်ပင်ဖြစ်၏ ကျွန်ုပ်တို့သည်လည်း လူဖြစ်သဖြင့် အမှားမကင်းနိုင် သကဲ့သို့ လောဘ ဒေါသ မောဟ မာန တို့သည်လည်း မကင်းနိုင် သည်သာဖြစ်ရာ လူလောက လူ့သဘာဝအတိုင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိလုပ်ကိုင် ကြံစည်သော အရာသည် မှားနေပြီးဟု သိရှိပါက အမှန်အား ပြင်ဆင်ရန်ချက်ချင်းဆောင်ရွက်ရမည် ဆိုသည့်အသိအား တွေးနေရပြီဖြစ်၏ ။ လူငယ်တို့သည် မကောင်းသော အရက်သေစာ မူယစ်ဆေးမှအစ လောင်းကစား အပါအဝင် မကောင်းဟုသိသည်နှင့် ညောင်ပင်ပေါက်အရွယ်မှစ ရှင်လင်းမှသာ ငြိမ်းအေးပြီး အေးချမ်း သည့် ဘဝ ကို ရရှိမည်ဖြစ်ကြောင်း ကျွန်ုပ်ရင်တွင် အတွေးများဖြင့် စိတ်နယ်ကုန်ခဲ့တော့သည်. . . .ကျွန်ုပ်၏အတွေးသက်သက်ပင်ဖြစ်သည် လူတစ်ဦးနှင့်တစ်ဦး ခံယူချက် အမြင်များ တူညီလိုက်မည်တော့မဟုတ်ပေ။

အတွေးများဖြင့် ရှိနေစဉ် အိမ်ရှေ့လူခေါ်ခေါင်းလောင်းမှ အသံမြည်လာရာ ကျွန်ုပ်၏အတွေးများအား ခဏထားလျက် တံခါးဖွင့်လိုက်ရာ ငယ်သူငယ်ချင်းကျောင်းဆရာနှင့် သူ့မိတ်ဆွေတို့သည့် အိမ်ထဲသို့ ဝင်ရောက်ရင်း ဒီကနေ့ အားကြသည် ဖြစ်ရာ ခေါင်းစဉ်တစ်ခုတတ်ပြီး စာကားပြောကြ မည်ဟုဆိုလေသဖြင့် ကျွန်ုပ်လည်း ထိုပုံပြင်ကလေးအား ပြန်လည်ပြောပြရလေ တော့သည်။

LazyCat

မှတ်ချက်များ