ခြောက်နှစ် အရွယ် တပည့်အတွက် ဆရာမဖြစ်သူ ကျောက်ကပ် လှူဒါန်း
ကျောက်ကပ် အစားထိုး ခွဲစိတ် ကုသဖို့ လိုအပ်နေတဲ့ ခြောက်နှစ် အရွယ် တပည့်ဖြစ်သူကို ဆရာမက ကျောက်ကပ် လှူဒါန်းခွင့် ရရှိသွားပါတယ်။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် ဟော့ဖ်မန်လိန်း မူလ တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ခြောက်နှစ် အရွယ် ကလေးငယ် မက်သရူးဟာ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသဖို့ လိုအပ်နေပြီး အရင် တစ်ကြိမ်က ကျောက်ကပ် အစားထိုး ကုသမှု လုပ်ခဲ့ရာမှာ အစားထိုးတဲ့ ကျောက်ကပ်က သူ့ ခန္ဓာကိုယ်မှာ အလုပ် မလုပ်ခဲ့လို့ အခက်တွေ့နေရသူ ဖြစ်ပါတယ်။
မက်သရူးရဲ့ ခန္ဓာကိုယ်မှာ အလုပ် လုပ်နိုင်မယ့် ကျောက်ကပ်မျိုး တွေ့ဖို့ ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ကျောက် ကပ် ဆရာဝန်တွေက ပြောခဲ့ကြသလို မက်သရူးရဲ့ မိဘတွေက သူနဲ့ သင့်တော်မယ့် ကျောက်ကပ် လှူဒါန်းမယ့်သူကို အပူတပြင်း ရှာဖွေခဲ့ကြပေမယ့် နှစ်နှစ်ကြာတဲ့အထိ မတွေ့ခဲ့ကြပါဘူး။ အဲဒီနောက် မှာတော့ မက်သရူး အတွက် သင့်တော်တဲ့ ကျောက်ကပ် တစ်ခြမ်း လှူ ဒါန်းမယ့်သူကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ မက်သရူးရဲ့ ပထမတန်း ဆရာမ လင်ဆေးပဲ ဖြစ်ပါတယ်။မက်သရူးကို ကျောက်ကပ် တစ်ခြမ်း လှူဒါန်းဖို့ ကျောက်ကပ် စစ်ဆေးခံခဲ့သူ အယောက် ၈၀ ရှိတဲ့အနက် သူ့ဆရာမ လင်ဆေးရဲ့ကျောက်ကပ်က မက်သရူး ခန္ဓာကိုယ်မှာ အလုပ်လုပ်မယ့် ကျောက်ကပ် ဖြစ်တယ်လို့ ဆရာဝန်တွေက အတည်ပြုခဲ့ကြပါ တယ်။ ''ကျွန်မမှာလည်း ကလေး နှစ်ယောက် ရှိပါတယ်။
မက်သရူးလို ခြောက်နှစ် အရွယ် ကလေး တစ်ယောက် ဘဝကို ဘယ်လို ဖြတ်သန်းနေရလဲဆိုတာ ကျွန်မ စိတ်ကူးကြည့်လို့တောင် မရပါဘူး။ ခရစ္စမတ်နေ့မှာ ဆေးရုံက ကျွန်မကို ဖုန်းဆက်ပြီး မက်သရူးအတွက် အစားထိုးနိုင်တဲ့ ကျောက်ကပ်က ကျွန်မ ကျောက်ကပ်ပဲလို့ ပြောခဲ့တဲ့အချိန်မှာ ကျွန်မ ဆို့ဆို့နင့်နင့် ခံစားခဲ့ ရပါတယ်”လို့ မက်သရူးရဲ့ ဆရာမ လင်ဆေးက ပြောပါတယ်။
လာမယ့် မတ်လမှာ လင်ဆေးအနေနဲ့ ကျောက်ကပ် ခွဲစိတ်မှာဖြစ်ပါတယ်။ လင်ဆေးရဲ့ စိတ်ဓာတ်ကို လေး စား အားကျသူတွေက ကျောက်ကပ် ခွဲစိတ်ပြီးနောက်မှာ လင်ဆေးရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အ ဆင်ပြေစေဖို့ ရန်ပုံငွေ အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ပြီး အဲဒီရန်ပုံငွေ အမည်ကတော့ GoFundMepage ဖြစ်ပါတယ်။
Yoyarlay

မှတ်ချက်များ