ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂ဝအသင်း ရင်ဆိုင်ရမည့်အသင်းများ၏ကစားဟန် နည်းစနစ်များကို နည်းပြချုပ်ဂတ်ဖရိုင်းဒရစ် စတင်လေ့လာ


ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲ အုပ် စုပွဲစဉ်များတွင် ရင်ဆိုင်ရမည့် အသင်းများ၏ ကစားပုံအခြေအနေ ကို လေ့ လာနေပြီး ဥရောပအသင်း တစ်သင်းဖြစ်သည့် သြစတြီးယား အသင်းနှင့် ခြေစမ်းပွဲကစားချင် ကြောင်း နည်းပြချုပ်ဂတ်ဖရိုင်းဒရစ် က ပြောသည်။

မြန်မာယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စု (က)တွင် အိမ်ရှင်နယူးဇီလန်၊ မြန် မာ၊ ယူကရိန်း၊ အမေရိကန်တို့နှင့် တစ်အုပ်စုတည်း ကြရောက်နေပြီး မြန်မာအသင်းသည် မေ ၃ဝ ရက် တွင် အမေရိကန် အသင်းနှင့်ပွဲဦးထွက် ကစားရမည်ဖြစ်ကာ ဇွန် ၂ရက်တွင် ယူကရိန်းအသင်း၊ ဇွန် ၅ရက်တွင် နယူးဇီလန်အသင်းနှင့် အုပ်စုနောက် ဆုံးပွဲစဉ်ကစားရမည်ဖြစ်သည်။

''သြစတြီးယားအသင်းနဲ့ ခြေ စမ်းပွဲကစားချင်ပါတယ်။ အသင်း မှာရှိတဲ့ ကစားသမားတွေ ခြေစွမ်း ပိုင်း ကွာဟမှုကျဉ်းနိုင်သလောက်ကျဉ်းအောင်ကြိုးစားနေပါတယ်။အခုဆိုရင်လေးဦးလောက် ကောင်း ကောင်းလူ
စားလဲနိုင်ပါပြီ။ အမေ ရိကန်အသင်းရဲ့ ကစားပုံကို လေ့ လာနေတယ်''ဟု ယင်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ခြေစမ်းပွဲသုံးပွဲလာရောက် ကစား ခဲ့သည့် သမုဒ္ဒရာပိုင်း ဇုန်မှ ခြေစစ် ပွဲအောင်
မြင်ထားသည့် ဖီဂျီအသင်း နည်းပြချုပ်ကလည်း မြန်မာအသင်း သည် နည်းဗျူဟာပိုင်းတောင့်တင်းပြီး တိုက် စစ်မှူးများ၏ ခြေစွမ်း ပိုင်းကောင်းမွန်မှုကြောင့် အုပ်စု နောက်တစ်ဆင့် တက်ရောက်နိုင် မယ်လို့ ယုံကြည်
ကြောင်း၊ တန်ပြန် တိုက်စစ်ကစားရာတွင် အားနည်း နေသည့် အချက်ကို ပြင်ဆင်သင့် ကြောင်း မြန်မာ ယူ-၂ဝအသင်းကို (၃-ဝ)ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာ ယူ-၂ဝအသင်း၏ခြေစွမ်းပိုင်းကို သုံးသပ်ပြောကြားခဲ့ သည်။

NTL | ဒီမိုကရေစီတူဒေး

မှတ်ချက်များ