ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး လေယာဉ်ကမ္ဘာပတ် ခရီးစဉ်မြန်မာနိုင်ငံ၌ ခေတ္တရပ်နားမည်
ကမ္ဘာ့ပထမဆုံး နေ စွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ မတ် ၈ ရက်တွင် ခေတ္တ ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
ငါးရက်အတွင်း ကမ္ဘာပတ်မည့် ခရီး စဉ်အား မတ်လပထမပတ်အတွင်း စတင်မည်ဖြစ် ကာ မြန်မာနိုင်ငံ၌ မတ်လ ၈ရက်တွင် ခေတ္တရပ် နားမည်ဖြစ်ပြီး မန္တလေးလေဆိပ်တွင် ဆင်းသက် မည်ဖြစ်ကြောင်း သိရသည်။
''နေရောင်ခြည်စွမ်းအင်သုံး နည်းပညာ နဲ့ပတ်သက်ပြီး နည်းပညာတွေမျှဝေဖို့ အစီအစဉ် တွေပါမယ်။ ဒီရောက်ရင် သတင်းစာရှင်းလင်းပွဲ လုပ်ပါ့မယ်''ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ရှေးဟောင်း ယဉ်ကျေးမှုနယ် မြေဖြစ်သည့် ပုဂံဒေ သပေါ်တွင် လေယာဉ်ပျံသန်း မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံးလေ ယာဉ် Solar Impulse 2 ကို ၁၂နှစ်ကြာစမ်းသပ်တီ ထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေ နယ်နိမိတ် သို့ဖြတ်သန်း၍ ကမ္ဘာပတ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပျံသန်းခွင့် ကို ၂ဝ၁၄ခုနှစ် စက်တင်ဘာ၅ရက်တွင် ပြုလုပ် သော သမ္မတဦးသိန်း စိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန်သမ္မတ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန်က ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။
ဇွဲမာန်

မှတ်ချက်များ