ဘုရားကျောင်းအပြင်ဘက်က ၀က်ကလေး၊ အစာတောင်းနေတာလား ၊ ဆုတောင်းနေတာလား ?
တစ်ခါတစ်လေ တိရိစ္ဆာန်တွေမှာတောင် ခွင့်လွတ်မှုဆိုတာ လိုအပ်ပါတယ်။ Zhejiang ပြည်နယ် Wenzhou ရှိ ဘုရားရှိခိုးကျောင်းတစ်ကျောင်းမှာ မိမိအပြစ်ဝန်ခံချက် ပြုလုပ်တဲ့ နောက်ဆုံးနေ့ ရောက်တဲ့အချိန် ဘုရားကျောင်းရှေ့မှာ ဝက်တစ်ကောင် ဒူးထောက်နေခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အင်တာနက်သုံးစွဲ သူတွေ မေးငေါ့စရာဖြစ်စေခဲ့တဲ့အကြောင်း ifeng.com က သတင်းဖော်ပြခဲ့ပါတယ်။
အများစုက အံ့အားသင့်စေခဲ့ကြပြီး ဗုဒ္ဓဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှုကို တောင်းဆိုနေတာဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဘေးမှာ ဖြတ်သွားဖြတ်လာသူများ ဓာတ်ပုံရိုက်နေစဉ်မှာတောင် ယင်းဝက်ဟာ အချိန် အကြာကြီး ဒူးထောက်လျက်နေခဲ့ပါတယ်။ အဲဒီအခါ ဘုရားကျောင်းဝန်းထဲမှ ဘုန်းကြီးတစ်ပါး ထွက်လာပြီး အဲဒီဝက်အတွက် ဘုရားစာ ရွတ်ဆိုပြီးတဲ့နောက်မှာတော့ ဝက်ကလေးဟာ ဝေးရာသို့ ထွက်ခွာသွားခဲ့ပါ တယ်။ ဒါကို အင်တာနက်သုံးစွဲသူတစ်ဦးကတော့ ဒီဝက်ရဲ့ လုပ်ရပ်က ထူးဆန်းတဲ့အရာတော့ မဟုတ်ပါ ဘူး၊ အစာတောင်းနေတာသာဖြစ်ကြောင်း ထောက်ပြပြောဆိုမှု ရှိခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ