လောက်ကိုင် ဒေသတိုက်ပွဲများတွင် အရာရှိ၊စစ်သည်များ၏ နိုင်ငံတော်နှင့် တပ်မတော် အတွက် ရဲဝံ့စွန့်စား စွာ တာဝန်ထမ်းဆောင်မှုအတွက် ဂုဏ်ပြုပါေ ကြာင်း၊ ထိခိုက်ဒဏ်ရာရသူများအား တိုက်ပွဲနေရာမှ ရဟတ် ယာဉ်၊ မော်တော်ယာဉ် များဖြင့် ဆေးရုံများသို့ အမြန်ရောက်ရှိအောင် စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုကိုလည်း လုပ်နိုင်သော အကောင်းဆုံး ကုသမှုများဖြင့် စိတ်ချရသည် အထိ ပျောက် ကင်းအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူနာအား လာရောက်ကြည့်ရှု အားပေးသည့် မိသားစုဝင် များကိုလည်း စားသောက်နေထိုင်မှုကိစ္စအဝ၀ ကူညီ စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်သည့် တရားသောစစ်ကို ဆင်နွှဲနေခြင်းဖြစ်၍ ရဟန်းရှင် လူအပေါင်းက လည်း အားပေး ထောက်ခံ လျက်ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်တပ်နယ် တပ်မတော်ဆေးရုံ၌ ဒဏ်ရာရ အရာရှိ၊ စစ်သည်များ၏ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အ ရာရှိကြီး များနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံ သို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသော လောက်ကိုင် ဒေသတိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည် များကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များတို့က ဂုဏ်ပြုငွေများ၊ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ၏ ထိခိုက်ဒဏ်ရာရရှိမှု ဆေးဝါး ကုသမှု အခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဆေးရုံ ဧည့်ခန်းတွင် ဒဏ်ရာရ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဆေးကုသနေစဉ်ကာလအတွင်း သုံးစွဲရန် ဂုဏ်ပြုငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့သည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး လိုက်ပါ၍ လားရှိုးတပ်နယ် တပ်မတော် ဆေးရုံသို့ရောက် ရှိပြီး လောက်ကိုင် ဒေသတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အခြား တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသူများအား တစ်ဦးချင်းရင်းနှီးစွာ တွေ့ဆုံအားပေး စကား ပြောကြားပြီး ဂုဏ်ပြုငွေများ၊ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် လောက်ကိုင်ဒေသ တိုက်ပွဲများ တွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား သီးခြားတွေ့ဆုံ၍ တစ်ဦးချင်းအားပေးနှစ်သိမ့် စကား ပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ခဲ့ သည်။
ထို့နောက် တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် လောက်ကိုင်ဒေသ ကိုးကန့် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်စဉ် အခြေအနေများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးတို့ က မြေပုံများနှင့်တကွ ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဆက်လက် လုပ်ဆောင်ရန်များအား မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်၍ ဘုန်းကြီး ကျောင်းသို့ ရောက်ရှိ ခိုလှုံနေကြသည့် လောက်ကိုင်ဒေ သ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင် ဒေသခံ ပြည်သူများ အား တွေ့ဆုံအားပေးစကား ပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀၊ ဆန်အိတ် ၁၀၀ နှင့် စားသောက်ဖွယ် ရာများအားလည်းကောင်း၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဒုရဲအုပ် စိုးအေးထွန်း အတွက် ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်ရာများ အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ သည်။
ယင်းနောက် ကျောင်းဓမ္မာရုံတွင် မန်ဆူဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပုညာနန္ဒအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
လောက်ကိုင်ဒေသတွင် ကိုးကန့်တိမ်းရှောင်သောင်းကျန်းသူ အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ စနစ်တကျ တိုက်ကွက်များ ဖန်တီးလုပ်ဆောင်ခဲ့ရာ တပ်မတော်က အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ကာကွယ်တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ တပ်မတော်သားအချို့ မွန်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ မော်တော်ယာဉ်၊ ရဟတ်ယာဉ်များဖြင့် အမြန်ဆုံး စီမံပို့ဆောင်၍ လိုအပ်သည့် ဆေးဝါး ကုသမှု စောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုက်ပွဲတွင် မွန်မြတ်စွာ အသက်စွန့်သွားခဲ့သူများ၏ အရိုးအိုးများကိုလည်း သက်ဆိုင်ရာ ဌာနချုပ်များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ကြောင်း သိရှိရပါသည်။
MRTV

မှတ်ချက်များ