မိကျောင်းပြပွဲ နှင့် ထိုင်းနိုင်ငံ
ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ မိကျောင်းပွဲ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည် များစွာ လာရောက်လည်ပတ်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် အထူးအဆန်း ပြကွက်တွေကလည်း လာရောက်လည်ပတ် သူတွေကို စိတ်ဝင် စားစေသော အချက်ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်စေသော ပြပွဲများစွာ ထဲကမှ မိကျောင်း ပွဲဟာလည်း တစ်ခုပါပါတယ်။ မိကျောင်းတွေကို လိမ္မာအောင် မွေမြူထားပြီး အတော်လေး လေ့ကျင့် ထားပုံ ပေါ်ပါတယ်။
မိကျောင်း ပါးစပ်ထဲ ခေါင်းဝင်ခြင်း၊လက်အဆုံး ထည့်ခြင်း၊ မိကျောင်းနဲ့ အတူ ကစားပြခြင်းတွေဟာ အတော်လေး ထိတ်လန့်စရာ ကောင်းလှပါတယ်။
ပွဲကြည့်သူများ အဖို့လည်း အသဲတလှပ်လှပ် ဖြစ်အောင် ပြသထားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို အလည်အပတ် သွားတော့မယ် ဆိုရင် Tiger Zoo မှာ ရှိတဲ့ မိကျောင်းပြပွဲ ကိုတော့ ကြည့်ရှုဖို့ မမေ့ပါနဲ့။
ကျော်လင်းနိုင် (ရိုးရာလေး)





မှတ်ချက်များ