တရုတ် သစ်ခုတ်သမားတစ်ဦးက သစ်သားနဲ့ အမြန်မောင်းပြိုင်ကားတစ်စီး ဖန်တီး
တရုတ်နိုင်ငံ ကျန်းဇီခရိုင်အရှေ့ ဘက်မှာနေထိုင်တဲ့ သစ်ခုတ်သမားတစ်ဦး ဟာ ကိုယ်တိုင်သစ်သားနဲ့ပြု လုပ်ဖန်တီးထား တဲ့ အမြန်မောင်းပြိုင်ကားတစ်စီးကို လာ မယ့်တရုတ်နှစ်သစ်ကူးပွဲတော်မှာ သူ့ရဲ့မိသား စုကို လက်ဆောင်ပေးမယ်လို့ သိရပါတယ်။
အဆိုပါ သစ်သားနဲ့ပြုလုပ်ထား တဲ့ကားကို ဖန်တီးပြုလုပ်ခဲ့တဲ့ သူကတော့ အသက်၂၆နှစ် အရွယ် သစ်ခုတ် သမား ယူ ဂျီတာအိုပဲဖြစ်ပါတယ်။ ယူဂျီတာအိုဟာ ယင်းသစ်သားအမြန်မောင်းကားကို ပြုလုပ် ဖို့အတွက် တရုတ်ယွမ်ငွေ ၁ဝသိန်းခန့် အသုံးပြုခဲ့တယ်လို့ သိရပြီး ကားတစ်စီးလုံးပြီး ဖို့အတွက် တစ်နှစ်ခွဲကျော်အထိ အချိန်ယူ ကာ ပြုလုပ်ဖန်တီးခဲ့ပါတယ်။
သစ်ခုတ်သမားယူဂျီတာဟို ဖန် တီးပြုလုပ်ထားတဲ့ ကားကတော့ အမိုးဖွင့် ကားပုံစံမျိုးဖြစ်ပြီး အရှည် ၁ဒသ မ၅မီတာ အကျယ် ၁ဒသမ၅မီတာရှိပြီး တစ်နာရီကီ လိုမီတာ ၃ဝမောင်းနိုင်မှာပဲ ဖြစ်ပါတယ်။
သစ်ခုတ်သမား ယူဂျီတာအို ဖန်တီးပြုလုပ်ထားတဲ့ သစ်သားအမြန်မောင်း ကားကိုတော့ သက်ဆိုင်ရာ ရဲတပ် ဖွဲ့က လမ်း မပေါ်မှာ မောင်းနှင်ခွင့် မပြုထား သလို ကား လိုင်စင်ကိုလည်း ထုတ်ပေးခြင်း မရှိဘူးလို့ သိရပါ တယ်။
The Flower News


မှတ်ချက်များ