ကျဆုံးသွားသော တပ်မတော်သားများ၏ သား၊ သမီးများအတွက် ထူးဖောင်ဒေးရှင်းမှ ပညာရေးစရိတ် ကျပ်သိန်းတစ်ထောင်ထောက်ပံ့မည်


လောက်ကိုင်ဒေသ တိုက်ပွဲများအတွင်းကျဆုံးသွားသော တပ်မတော်သားများ၏ သား၊ သမီးများ ဆက်လက် ၍ ပညာသင်ကြားနိုင်ရန် ထူးဖောင် ဒေးရှင်းမှ ပညာရေး ထောက်ပံ့စရိတ် ကျပ်သိန်းတစ်ထောင် ထောက် ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''တိုက်ပွဲမှာကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မျိုးဆက်တွေအတွက် ပညာသင် စရိတ် ထောက်ပံ့ပေးဖို့အတွက် လှူဒါန်းတာပါ''ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံကိုဖြိုးကိုက ပြောသည်။

ကျပ်သိန်းတစ်ထောင်ထောက်ပံ့ရန် ရည်ရွယ်ထားပြီး ရက်ပိုင်းအတွင်း သွားရောက်လှူဒါန်းသွားမည်ဖြစ်
ကြောင်း သိရသည်။

''တိုင်းမှူးကနေတစ်ဆင့် မိသားစုဝင်တွေဆီကို ပေးသွားမှာပါ။ လက်ရှိ အခြေအနေ မတည်ငြိမ်သေးတဲ့အ တွက် ကိုယ်တိုင်ပေးဖို့ မသေချာသေးပါဘူး''ဟု ၄င်းက ထပ်မံပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ရက်အတွင်း တိုက်ပွဲ (၁၃)
ကြိမ်ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်မှ အရာရှိ ငါးဦးနှင့် စစ်သည် ၄၂ဦးကျဆုံးခဲ့ကြောင်း အစိုးရ၏ ဖေဖော်ဝါရီ ၁၂ရက်တွင် ထုတ်ပြန်သော သတင်းများအရ သိရသည်။

ဇွဲမာန်၊ ခင်မမအောင် | The Flower News

မှတ်ချက်များ