အမေရိကန် ဆယ်ကျော်သက်ကောင်လေး ကမ္ဘာ့ပထမဆုံး ငယ်ပါကို သေးငယ်အောင် ခွဲစိတ်သူဖြစ်လာ


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ အသက်(၁၇)နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဦးက သူ့ရဲ့ ငယ်ပါကို သေးငယ်အောင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းဆယ်ကျော်သက်လူငယ်လေးဟာ သာမန်ယောက်ျားတစ်ဦးရဲ့ငယ်ပါထက် အဆမတန်ကြီးမားနေတာ မို့ ယခုလို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ငယ်ပါကို ခွဲစိတ်ကုသမှု မပြုလုပ်သေးခင်က သူဟာ ကာမဆက်ဆံမှုနဲ့ အားကစားလိုက်စားမှုများပြုလုပ်ရာ မှာ ခက်ခဲရုံသာမက နေရေး၊ ထိုင်ရေးနဲ့ အတွင်းခံဘောင်းဘီဝတ်ရာမှာလည်း လွန်စွာအခက်တွေ့လျက်ရှိ
ကြောင်း သိရပါတယ်။ ဒါကြောင့် သူ့ရဲ့ ငယ်ပါကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ခွဲစိတ်ကုသမှုပြုလုပ်ခြင်းဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ဆရာ ဝန်များရဲ့ပြောပြချက်အရ သိရပြီး ကြုံတောင့်ကြုံခဲတဲ့ ခွဲစိတ်ကုသမှုဖြစ်တယ် လို့ ပြောဆိုခဲ့ပါတယ်။

Ref; Daily Mirror

မှတ်ချက်များ