နှစ်ပတ်ကြာမေ့ မြောသွားသော တရုတ်အဘွားအို သတိပြန်ရလာချိန်မှာ အင်္ဂလိပ်စကား ပြောဆိုနေ
တရုတ်နိုင်ငံမှာ လေဖြတ်ရောဂါ ဝေဒနာကို ခံစားနေရရှာတဲ့ အဘွားအိုတစ်ဦး ဟာ နှစ်ပတ်ကြာ မေ့မြော သွားခဲ့ပြီးနောက် ပြန် လည်သတိရလာတဲ့အချိန်မှာတော့ မိခင်ဘာ သာစကားကို ပြောဆိုခြင်းမရှိဘဲ အင်္ဂ လိပ်ဘာ သာစကားကို ပြောဆိုနေတယ်လို့ သိရပါတယ်။
အဆိုပါ လေဖြတ်ရောဂါကြောင့် နှစ်ပတ်ကြာမေ့မြောခဲ့တဲ့ အဘွားအိုကတော့ အသက် ၉၄နှစ်အရွယ် Liu Jieyu ဖြစ်ပါတယ်။သူမ ပြန်လည်သတိရလာခဲ့တဲ့အချိန် မှာ အင်္ဂလိပ်လို Where am I? What is happening?၊ ''ကျွန်မ ဘယ်ရောက်နေတာ လဲ ၊ ကျွန်မ ဘာဖြစ်သွားတာလဲ''လို့ ဖြည်းဖြည်း နဲ့မှန်မှန် ပြော ဆိုခဲ့တယ်လို့ တရုတ်နိုင်ငံ Changsha မြို့ရှိ ဆေးရုံမှ သက်ဆိုင်ရာတာဝန်ရှိသူများ ရဲ့ပြောဆိုချက်အရ သိရ ပါတယ်။
ယခုလို နှစ်ပတ်ကြာမေ့မြောခဲ့ပြီး ပြန်လည်သတိရလာတဲ့အခါမှာတော့ မိခင်ဘာ သာစကားဖြစ်တဲ့ တရုတ် ဘာသာစကားကို ပြော ဆိုခြင်းမရှိတဲ့ အင်္ဂလိပ်ဘာသာ စကားကိုပြော ဆိုနေတဲ့ Liu Jieyu ရဲ့ မိသားစု ဝင်တွေကတော့ သူမအတွက် အတော်လေးစိုးရိမ်ပူပန်နေတယ် လို့ သိရပါတယ်။
အသက်၉၄နှစ်အရွယ် Liu Jieyu ဟာ လွန်ခဲ့တဲ့ နှစ် ၃ဝကျော်က အင်္ဂလိပ်ဆရာမ တစ်ဦးဖြစ်ခဲ့သော်လည်း အင်္ဂလိပ်စကားကို ပြောဆိုလေ့မရှိဘူးလို့ သိရပါတယ်။ ယခုအခါ မှာတော့ သူမဟာ အင်္ဂလိပ်ဘာသာစကား ကို သာ ပြောဆိုနေတယ်လို့ သိရပြီး သက်ဆိုင်ရာ တာဝန်ရှိဆရာဝန်များက သူမအနေနဲ့ မိခင် ဘာသာ စကားကို မကြာခင်ပြောဆိုနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref:DailyMail

မှတ်ချက်များ