ကြက်ဆူပင်များအစား အခြားအကျိုးရှိစေမည့် အပင်များစိုက်ပျိုးနေဟု တိုင်းဝန်ကြီးပြောကြား
ကြက်ဆူပင်များအ စား အခြားအကျိုးရှိစေမည့် သစ် ပင်များ အစားထိုးစိုက်ပျိုးနေ ကြောင်း မန္တလေးတိုင်း သစ်တောနှင့်သတ္တုဝန်ကြီးဦး သန်းစိုးမြင့်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၁ရက်နံနက် က မန္တလေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ပြုလုပ်သောGEGG (Green Economy GreenGrownth)အစည်းအဝေးရလဒ်သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီး က အထက်ပါအ တိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အပင်များစွာစိုက်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချ ပေးရာရောက်ကြောင်း၊ မန္တလေးတက္ကသိုလ် အတွင်းသစ်ပင်များ လျော့ကျလာသည့်အတွက် ကြက်ဆူတောများခုတ်ပြီး အခြားသစ်ပင်များ စိုက်ပျိုးပေးစေ လို ကြောင်းမန္တလေးတက္ကသိုလ်နိုင်ငံ တကာဆက်ဆံရေးဌာနမှ ပါမောက္ခ ဌာနမှူးဒေါ်မိမိကြည်က ၀န်ကြီးထံ တင်ပြခဲ့သည်။
အကျိုးမရှိသည့်အပင်နေရာ တွင် အကျိုးရှိသည့်အပင်များကို အစားထိုးစိုက်ပျိုးရန်အဆင်သင့် ဖြစ်ကြောင်း၊ ကြက်ဆူပင်များမှာ တစ်ချိန်ကပေါ်လစီအနေအထား အရစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယနေ့ ကာလတွင် ကြက်ဆူ ပင်များအ စားအခြားတန်ဖိုးရှိသည့် သစ်ပင် များပြောင်းလဲအစားထိုးစိုက်နေ ပြီဖြစ်ကြောင်း သစ်တောနှင့် သတ္တု ၀န်ကြီးကပြောကြားသည်။
‘‘ကျွန်တော်တို့ကအကျိုးမရှိ တဲ့အလုပ်ဆိုမလုပ်ပါဘူး။ အကျိုး မရှိတဲ့အလုပ်ကိုလည်း ရဲရဲဝံ့ဝံ့ ရှောင်ရှားပြီး
တော့ ဆောင်ရွက် သွားရမှာပဲဖြစ်ပါတယ်။ ဒါမှလည်းတိုင်းပြည်Devlopeဖြစ်မှာ လေ။ မဟုတ်ရင် ဘယ်လို ပဲသွား သွား Devlopeမဖြစ်နိုင်ဘူး’’ဟု ၀န်ကြီးက ပြောသည်။
အပင်စိုက်ပျိုးပြီးလျှင်လည်း အပင်ရှင်သန်ရေး ဆက်လက် ဆောင်ရွက်ပေးရန်လိုကြောင်းမန္တလေးတက္ကသိုလ်
သည် ၁၁ဧက ခန့်ကျယ်ဝန်းပြီး ၀င်းအတွင်းသစ် ပင်များရေလောင်းရန်တစ်လ ကျပ်လေးသောင်းကုန် ကျနေကြောင်း ပါမောက္ခ ဌာနမှူးက ပြောကြားခဲ့သည်။
ကြက်ဆူပင်သည် ယခင်စစ် အစိုးရလက်ထက်က မြန်မာနိုင်ငံ ဒေသအသီးသီးတွင် စီမံကိန်းတစ် ခုအသွင် စိုက်ပျိုးစေခဲ့သည့်အပင် တစ်မျိုးဖြစ်သည်။
ညီညီဇော် | 7day

မှတ်ချက်များ