ဗိုလ်ချုပ်အောင်ဆန်း စာဖတ်နေသည့် ဆီလီကွန်ရုပ်တုကြီးကိုကြည့် ၍ နတ်မောက်မြို့ခံတချို့နှင့် ကျေးရွာတချို့မှ ပြည်သူများ ငိုကြွေးကြဟုဆို


ရန်ကုန်မြို့မှ ပုံတူရုပ်တု ပညာရှင် ကိုအောင်ကျော်ထွန်း ပြု လုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ပက်လက်ကု လား ထိုင် တွင် စာထိုင်ဖတ်နေ သည့် ဆီလီကွန်ပုံတူရုပ်တုကို နတ် မောက်မြို့ ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် ပြသထားရှိရာ အဆိုပါရုပ်တုအား ရန်ကုန်မြို့မှနတ်မောက်သို့ ပျော်ဘွယ်- နတ်မောက်လမ်းအတိုင်း သယ် ဆာင် လာစဉ် နတ်မောက်မြို့နယ် ကျေးရွာ များမှကြည့်ရှုသူများနှင့် နတ်မောက် မြို့အရောက် မြို့တွင်းလှည့် လည်သယ် ဆောင်ချိန်တွင် နတ်မောက်မြို့ခံများ မှာ ကြည့်ရှုကြပြီး ကြေကွဲဝမ်းနည်းစိတ် ဖြင့် ငိုယိုကြ
ကြောင်းသိရသည်။

''ကျွန်မတို့ရွာက ဗိုလ်ချုပ်ရုပ်တု ကြီးသယ်လာတာသိတော့ ထွက်ကြည့် ကြတာ ထွက်ကြည့်တဲ့သူအတော် များ များက ဗိုလ်ချုပ်အောင်ဆန်းပဲဆိုပြီး ငိုသူငို၊ မျက်ရည်ကျသူကျ ဖြစ်ကြတယ်။ တစ်ရွာလုံးနီးပါးကို ငိုတယ် လို့ပြော နိုင်ပါတယ်တော်''ဟု နတ်မောက်နှင့် ၁၆မိုင်ကွာဝေးသည့် ပျော်ဘွယ်-နတ် မောက်လမ်းပေါ်ရှိ ရွာ မွန်ကျေးရွာမှ အသက်(၅ဝ)ခန့်ရှိ အမျိုးသမီးကြီးတစ် ဦးက ပြောသည်။

ဆီလီကွန်ရုပ်တုကို ရန်ကုန်မြို့မှ ဖေဖော်ဝါရီ ၄ ရက်တွင်သယ်ဆောင် ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် ရောက် ရှိသည်။ ဗိုလ်ချုပ်ပုံတူရုပ်တုအား လမ်း ဘေးကျေးရွာများ၌ ကားဖြည်းဖြည်း မောင်းဖြတ်သန်းခြင်း၊ တချို့ကျေး ရွာ များ၌ ခေတ္တရပ်နားခြင်းများပြုလုပ်ရာ မြင်ရသူအပေါင်းက ဗိုလ်ချုပ်၏အနေ ရိုးမှုကို ကြည်ညိုခြင်းနှင့်အတူ ခေါင်း ဆောင်တစ်ဦးအဖြစ် လေးစားစိတ်ဖြင့် ကြေကွဲဝမ်းနည်းမှု ဖြစ်ပေါ်ကြကြောင်း သိရသည်။

''ကျွန်တော်တို့ နတ်မောက်ရောက် တော့ နတ်မောက်မြို့သူ၊ မြို့သားတွေ လမ်းဘေးထွက်ကြည့်ကြတယ်။ ဗိုလ် ချုပ်ပုံတူရုပ်တုကြည့်ပြီး မျက်ရည်ကျ ကြတယ်ဗျာ။ ကျွန်တော်တို့လဲ ဝမ်း နည်းစိတ်ဖြစ်တာပါပဲ''ဟု နတ်မောက် မြို့မှ ဘော်ဒါဆောင်တည်ထောင်ထား သူ ဆရာဦးမျိုးကပြောသည်။

ဗိုလ်ချုပ်ဆီလီကွန်ရုပ်တုမှာ ပက် လက်ကုလားထိုင်တွင်ထိုင်၍ စာဖတ် နေဟန်ပြုလုပ်ထားရာ စွပ်ကျယ် လက် စကနှင့် ယောလုံချည် ဝတ်ဆင်ထား သည့်ပုံ၏ မျက်နှာပေးအနေအထား မှာ အသက်ဝင်လျက်ရှိ သဖြင့် ဗိုလ်ချုပ် ရာပြည့်ကွင်းပြခန်းတွင် ပြသထားစဉ် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား လျက်ရှိသည်။ အဆိုပါရုပ်တုကို ဖေဖော် ဝါရီ ၇ရက်မှ ၁၃ရက်အထိ ဗိုလ်ချုပ် ရာပြည့်ကွင်းရှိ ပြခန်း၌ပြသထားမည် ဖြစ် သည်။

ပြပွဲပြီးစီးပါက အဆိုပါရုပ် တုအားထားရှိရန် နေရာသတ်မှတ်ထား ခြင်းမရှိသေးကြောင်း၊ ဗိုလ်ချုပ်နေ အိမ်ပြ တိုက်တွင် ပြသထားရှိရန် စီစဉ် သော်လည်း နေအိမ်ပြတိုက်တွင်ထား ရှိသည့်ပစ္စည်းနှင့် ဓာတ်ပုံမှတ်တမ်း များ မှာ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိစဉ်က သမိုင်းမှတ်တမ်းနှင့် ဗိုလ်ချုပ်အကြောင်း စာအုပ်များသာဖြစ်၍ ဆီလီကွန်ရုပ်တု ထားရှိရန် မသေချာသေးကြောင်း သိ ရသည်။

လှိုင်ထွေးအောင် | ‎TheYangonTimes‬

မှတ်ချက်များ