အီဂျစ်ခရစ်ယာန် ၂၁ ဦးကို အိုင်အက်စ်တို့ ခေါင်းဖြတ်သတ်



လစ်ဗျားတွင် ဖမ်းဆီးထားသည့် အီဂျစ်ခရစ်ယာန် ၂၁ ဦးကို အိုင်အက်စ်အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုဖိုင်ကို ထုတ်လွှင့်လိုက်သည်။ အိုင်အက်စ်တို့က ၎င်းတို့ ထုတ်ဝေသည့် ဒါဘစ် မဂ္ဂဇင်းတွင် အကြမ်း ဖက်မှု ပြုလုပ်မည် ကြေညာပြီးနောက် ယခုကဲ့သို့ ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ငါးမိနစ်ကြာယင်းဗီဒီယိုတွင် လက်နောက်ပြန်တုပ်ထားသည့် လိမ္မော်ရောင်ဝတ်စုံများ ဝတ်ဆင်ပေးထား သည့် ဓားစာခံများကို လစ်ဗျားမြို့ တော် ထရီပိုလီရှိ ကမ်းခြေတစ်နေရာတွင် ခေါ်ဆောင်လာပုံ၊ ကမ်းခြေတွင် ဒူးထောက်ထိုင်ခိုင်းထားပုံများကို မြင်တွေ့ရသည်။

"အီဂျစ်ရှိ ကော့တစ် ခရစ်ယာန် ကျုးကျော်သူများက မွတ်စလင်အမျိုးသမီးများကို ဖမ်းဆီးနှိပ်စက်နေသည့် ၏အတွက်" ဟု လက်စားချေ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် အကြမ်းဖက်သမားများက ပြော သည်။

"မင်းတို့ ခရစ်ယာန် ကျုးကျော်သူတွေ ဘေးကင်းဖို့က ဆုတောင်းပေးနေဖို့ ပဲရှိတယ် "ယင်းအစွန်းရောက် အဖွဲ့ ဝင်တစ်ဦးက ဓားဝှေ့ယမ်းကာ ပြောဆိုသည်။

ယင်းဖြစ်ရပ်ကြောင့် အီဂျစ်သမ္မတ အက်ဘ်ဒယ်ဖာတက်ရှ်အယ်စီစီက ပြည်သူများကို ဝမ်းနည်းကြောင်း စကားဆိုပြီး လုံခြုံရေးဆွေးနွေးပွဲများကို အဆောတလျင်ဆင့်ခေါ်ကာ နိုင်ငံတွင် ခုနှစ်ရက်ကြာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကို ကြေညာခဲ့သည်။

အဆိုပါသတ်ဖြတ်မှုအပေါ် အိုင်အက်စ်တို့ ၏ လူမဆန်သည့် ရက်စက်မှုအဖြစ် အီဂျစ်တက္ကသိုလ် အယ်လ် အက်ဇာဟာ ကလည်း ရှုတ်ချသည်။

"ပူဆွေး ဝမ်းနည်းစရာကောင်းတဲ့ အပြစ်မဲ့သူတွေကို ကွမ်မျက်တဲ့ သတင်းကို ကြားရပါတယ်" ဟု ဆွန်နီ မွတ်စလင်အဖွဲ့က ထုတ်ပြန်သည်။

ယခုသတ်ဖြတ်မှုအပေါ် ကျုးလွန်သူလူမဆန်သူများအနေဖြင့် အပြစ်ဒဏ်ကျွေးကို ပြန်လည် ဆပ်ရမည်ဟု ယုံကြည်ကြောင်း ခရစ်ယာန် ဘုရားကျောင်းကလည်း ထုတ်ပြန်သည်။

ယင်းတို့ ခေါင်းဖြတ်ခြင်းမပြုမီ အဆိုပါ ခရစ်ယာန် ၂၁ဦး၏ ဓာတ်ပုံများကို အိုင်အက်စ်အဖွဲ့က ဖြန့်ဝေခဲ့သေး သည်။ ၎င်းတိုကို ဇန်နဝါရီလနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တိုက်ခိုက်မှုနှစ်ရပ်အတွင်း လစ်ဗျား ကမ်းခြေ ဆာတီမြို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံခြားရေးဌာနက အီဂျစ်ပြည်သူများကို လစ်ဗျားသို့ မသွားရောက်ရန် သတိပေးချက် ထုတ်ထား သည်။ လစ်ဗျားတွင် လက်ရှိ အီဂျစ်ပြည်သူများ များစွာရှိနေပြီး အများစုမှာ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြသည်။

အိုင်အက်စ်အဖွဲ့ သည် အီရတ်တွင် အမေရိကန်၊ဗြိတိန်နှင့် ဂျပန်နိုင်ငံသားများ အပါအဝင် နိုင်ငံစုံမှ ဖမ်းဆီး ထားသည့် ဓားစာခံများကို ကွပ်မျက်သတ်ဖြတ်သည့် ဗီဒီယိုကိုလည်း ထုတ်လွှင့်ခဲ့သည်။

ထိုပြင် လေယာဉ်ပျက်ကျ၍ ဖမ်းဆီးမိသည့် ဂျော်ဒန်လေယာဉ်မှူးကိုလည်း အရှင်လတ်လတ်မီးရှို့ သတ်သည့် ဗီဒီယိုကိုလည်း ထုတ်လွှင့်ခဲ့သည်။ ယင်းဗီဒီယိုကြောင့် ဂျော်ဒန်အာဏာပိုင်များက အမျက်ထွက်စေပြီး အိုင် အက်စ်တို့ အပေါ် လေကြောင်း ထိုးစစ်များကို အပြင်းအထန် ဆင်နွဲလျက်ရှိသည်။

ထရီပိုလီ | Mizzima News

မှတ်ချက်များ