လောက်ကိုင်ဒေသမှ ရဲတပ်ဖွဲ့ဝင်မိသားစုများ အပြီးသတ်ရွှေ့ပြောင်း


လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ရဲ တပ်ဖွဲ့ဝင်မိသားစုများကို ဖေဖော် ၀ါရီ ၁၅ ရက်က အပြီးသတ်ခေါ် ယူနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လောက်ကိုင်မြို့နယ်အပြင် အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ တို့ တိုက်ပွဲ များဖြစ်ပွားနေသည့် တာရွှေထန်၊ ကုန်းကြမ်း၊ ချင်းရွှေ ဟော်၊ ညံခွမ်းမြို့များမှ ရဲတပ်ဖွဲ့ ၀င်မိသားစုများကို တပ်မတော်၏ အကူအညီဖြင့် လားရှိုးမြို့သို့ပြန် လည်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ဒုတိယ
ပြည်နယ်ရဲ တပ်ဖွဲ့မှ ရဲမှူး မျိုးထွန်းဦးက ပြော သည်။

‘‘တပ်ဖွဲ့ဝင် မိသားစုတွေကို ပြန်ခေါ်တာပါ။ ဟိုမှာလည်း သူတို့ အတွက် လုံခြုံရေးယူပေးနေရ တော့လေ။ ဒီနေ့ပဲ ပြန်ခေါ်နိုင်ခဲ့ပါ တယ်။ တပ်မတော်က ကွမ်းလုံအ ထိပို့ပြီး ကျွန်တော်တို့က ဒီဘက်က စောင့်ခေါ် တာပေါ့’’ဟု ရဲမှူး မျိုးထွန်းဦးက ပြောသည်။

လောက်ကိုင်တွင် တာဝန် ထမ်းဆောင်နေသည့် တပ်မ (၃၃) နှင့် ဒေသကွပ်ကဲမှုစစ်ဆင်ရေး ဌာနချုပ် (လောက်ကိုင်)မှ တပ်မ တော်အရာရှိများက လောက်ကိုင် နှင့် မိုင် ၅၀ ခန့်ဝေးသည့် ကွမ်းလုံ အထိ ပို့ဆောင်ပေးပြီး ပြည်နယ် အဆင့် ရဲအရာရှိများက ကွမ်းလုံ မှတစ်ဆင့် လားရှိုးမြို့သို့ ပို့ဆောင်ပေးခြင်း
ဖြစ်ကြောင်း သတင်းရရှိ သည်။

စုစုပေါင်း ရဲတပ်ဖွဲ့ဝင် မိသားစု ၁၃၀ ကျော်ရှိပြီး ၎င်းတို့ကို လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းဝင်း အတွင်း ကယ်ဆယ်ရေးစခန်းဖွင့် ၍ လက်ခံထားသည်။ ရောက်ရှိ လာသော လူဦးရေ ၁၃၀ ကျော်မှာ တပ်ဖွဲ့ဝင်မိ သားစုများသာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှာမူ လောက်ကိုင် ဒေသတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေရ ဆဲဖြစ်ကြောင်း ရဲမှူး မျိုးထွန်းဦးက ပြောသည်။ လောက်ကိုင်ဒေသတွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်ဦးရေ ၂၅၀ ခန့်နှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့် တာ ၀န်ထမ်းဆောင်နေကြောင်း သ တင်းရရှိသည်။

အောင်ခိုင် | 7day

မှတ်ချက်များ