မူဆယ်မြို့ ဟိုတယ်တစ်ခု၌ တရုတ်အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရရှိ
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်မြို့တွင် တန်ဖိုးကျပ် (၃၅)သိန်းရှိ ဘိန်းဖြူအမှုန့်များအား ရောင်းဝယ် ရန် ပြုလုပ်စဉ် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့ ည(၈း၄၅)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တွန်းစတား ဟိုတယ်၊ အခန်းအမှတ်(၄၀၅)အား ၀င်ရောက်ရှာဖွေရာ ရန်လောက်ရင် (ခ)မောင်သိန်း(ကျား)နှင့် ရန်ဖွာယို(ကျား)တို့နှစ်ဦးအား တွေ့ရှိပြီး ၎င်းတို့နှစ်ဦးကြားကုတင်
ပေါ်ရှိ လက်ဆွဲအိတ်အတွင်း ဘိန်းဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက်(၁၀)ခွက်ကို တွေ့ရှိသည့်အတွက် ဆက်လက်စစ်ဆေးရာ ရန်လောက်ရင်(ခ)မောင်သိန်း မောင်းနှင်လာသော ပါဂျရိုကား အား ဟိုတယ်ရှေ့ တွင် ရပ်ထားကြောင်း သိရသဖြင့် သွားရောက် ရှာဖွေရာ အနီရောင် လက်ဆွဲအိတ်အတွင်းမှ ရောင်စုံဆပ်
ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူဆပ်ပြာခွက် (၅)ခွက်ကို ထပ်မံတွေရှိပြီး စုစုပေါင်း ဘိန်းဖြူဆပ်ပြာခွက် (၁၅)ခွက်(ကာလတန်ဖိုး ၃၆ သိန်း)အား ဖမ်းဆီးရမိရာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ သိရသည်။
ရန်လောက်ရင်(ခ)မောင်သိန်း(ကျား)မှဘိန်းဖြူထည့်ထားသောဆပ်ပြာခွက်များအားရန်ဖွာယို(ကျား)ထံ ရောင်း ချရန် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းရပ်၊ ပန်လုံ(၅)လမ်းနေ ၀မ်ဆီကျူး(မ)ထံမှ ယူဆောင်လာခြင်းဖြစ်
ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၀မ်ဆီကျူး(မ)အား သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်နေ
ကြောင်း မူဆယ်မြို့ပေါ်လှုပ်ရှား မူးယစ်တပ်ဖွဲ့စု(၂၂)မှသိရသည်။
ဖမ်းဆီးရမိသော ဘိန်းဖြူဆပ်ပြာခွက်များနှင့်အတူ ရန်လောက်ရင် (ခ)မောင်သိန်း (ကျား)၊ ရန်ဖွာယို(ကျား)
နှင့် ၀မ်ဆီကျူး(မ)တို့အား မူဆယ်မြို့မ ရဲစခန်းတွင် (ပ)၁၇/၁၅၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik Online News

မှတ်ချက်များ