အသင့်စားခေါက်ဆွဲခြောက်များ နှင့် ကျမ္မာရေးအန္တရာယ်


အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန်-အလုပ်မရှုပ်-လွယ်ကူမြန်ဆန်ရုံ သာမက၊ ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့  မရှိမဖြစ် ဖြည့်စွက်စာအဖြစ် အရွယ် (၃)ပါးမရွေးစားသုံးနေကြ ပါတယ်။ နှစ်သက်ရာ အသားအမျိုးမျိုး-ပင်လယ် စာများအပြင် သက် သက် လွတ်တစ်ခါစားအထုတ်လေး များက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်း တာကြောင့် အကြိုက်တွေ့ လို့ နေကြပါတယ်။

ရံဖန်ရံခါစားသောက်ခြင်းကပြသနာမဟုတ်သော်လဲ၊ ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါ ကျမ္မာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁။ အသက် ၅ နှစ်အောက် ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေးပါနှင့်။ အာဟာ ရချို့ တဲ့စေပါ တယ်။

၂။ ခေါက်ဆွဲခြောက်ထဲရှိ "Styrofoam' (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင်ဆာရောဂါဖြစ်စေနို င်ပါတယ်။

၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးခြင်းက သန္ဓေသားဖွံ့ ဖြိုးမှုကို ထိခိုက်စေပြီး၊ အခ န့် မသင့်လျှင် ကိုယ်ဝန်ပျက်ကျစေ နိုင်ပါတယ်။

၎။ ခေါက်ဆွဲခြောက်ထဲမှာ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကစီဓာတ်လွန်ကဲစွာပါရှိပြီး၊ ကျမ္မာရေးကို အထောင် အကူဖြစ်စေတဲ့ ဗီတာမင်၊ အမျှင် နှင့် သတ္တုဓာတ်တို့  လုံးဝမပါရှိပါဘူး။ ဒါကြောင့် "အာ ဟာရမမြောက်တဲ့ အစားအစာ" အဖြစ်မှတ်သားထားပါ။

၅။ ခေါက်ဆွဲခြောက်ဖြစ်လာစေဖို့ ဆိုဒီယမ်ဓာတ်များစွာသုံး၍ပြုပြင်ထားလေ့ရှိပါတယ်။ ဆိုဒီယမ် ဓာတ်ကို လိုအပ်သည်ထက်ပို စားခြင်းက နှလုံး၊ လေဖြတ်၊ သွေးတိုးရောဂါ တို့ အပြင် ကျော က်ကပ်ပျက်စီးစေပါ တယ်။

၆။ ဆွဲဆောင်မှုကောင်းစေဖို့  ခေါက်ဆွဲခြောက်များကို Monosodium Glutamate ဓာတ်ပေါင်းစု ရနံ့သုံး ထားပါတယ်။ အချို့  စားသုံးသူများတွင် ထိုဓာတ်ပေါင်းးစုဖြင့် မွေးရာပါဓာတ်မတဲတတ် လို့  ခေါင်းမူး၊ ခေါင်း ကိုက် နှင့်အာရုံကြောရောဂါတို့ ဖြစ်စေနိုင် ပါတယ်။

၇။ စွဲစွဲမြဲမြဲစားသောက်ခြင်းက အ၀လွန်ခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်း ရောဂါ တို့ စွဲကပ် လာစေပါ တယ်။

၈။ ခေါက်ဆွဲခြောက် နေ့ စဉ်စားသုံးသူများတွင် မကြာခဏ အစာမကြေ လေပွလေ့ရှိပြီး၊ အချိန်ကြာလာ သည်နှင့်အမျှ အစာချေစံ နစ်ကို ဘေးဥပါသ်ဖြစ်စေပါတော့တယ်။

၉။ ခေါက်ဆွဲ ကြာကြာခံစေရန်နှင့် အရောင်လှပစေရန်တို့ အတွက် "Propylene Glycol" (ခေါ်) ချွတ်ဆေး/ဆိုးဆေးတစ်မျိုး ထဲ့သုံးလေ့ရှိပြီး၊ ထိုများဓာတ်ကို ကျောက်ကပ်-နှလုံး-အသည်း စသည့် ကလီစာများက အလွယ်တကူစုပ်ယူသုံးစွဲကြ၍ ကိုယ်ခံ စွမ်းအားဆုတ်ယုတ်လာစေပါတယ်။

၁၀။ ကိုယ်တွင်းဓာတ်များကို ဖောက်ပြန်ပြောင်းလဲကာ ဖောယောင်ခြင်း ဖြစ်တတ်ပါတယ်။

ပေါက်ပေါက်

မှတ်ချက်များ