သီတဂူဆရာတော်က သပိတ်မှောက်ကျောင်းသားများကို မေတ္တာရပ်ခံ



 ဒီမိုကရေစီကျောင်းသားသပိတ်မှောက်ဆင်နွှဲနေသော မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားများကို မိဘရင်ခွင်ပြန် ရန် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက မေတ္တာရပ်ခံလိုက်သည်။

သပိတ်မှောက်ကျောင်းသားအပေါင်းတို့ သားတို့၊ သမီးတို့သည် အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေ စီစနစ်နှင့်အညီ စားပွဲဝိုင်းပေါ်အထိ တွေ့ဆုံဆွေးနွေးညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည် ကို သိရှိရသဖြင့် ဂုဏ်ယူမိပါကြောင်း ဆရာတော်က ဖေဖော်ဝါရီ ၁၅ ရက်စွဲပါစာတွင် မိန့်ကြားထားသည်။

ယခုအခါ၌ မိမိတို့၏အောင်မြင်မှုတို့ကိုဂုဏ်ယူလျက် မိမိတို့ဆိုင်ရာအရပ်ဒေသအသီးသီးရှိ မိဘ၊ ဆရာသ မားတို့၏ ရင်ခွင်သို့ အမြန်ဆုံးပြန်လည်ခိုဝင်၍ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များကို ဆက်လက် ဆည်းပူးသင်ကြားကြပါရန်ဟု အထူးမေတ္တာရပ်ခံလိုက်ပါသည်ဟု ဖော်ပြထားသည်။

‘‘သားတို့ သမီးတို့ နိုင်ငံတော်အတွင်း အမျိုးမျိုးအဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌ သားတို့ သမီးတို့သည် ငြိမ်းချမ်းရေးတည်ဆောက်သူများ (Peace Maker) များအနေအားဖြင့် နိုင်ငံတော်ကို ဝိုင်းဝန်းကူညီကြ ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏လည်းကောင်း သားလှရတနာ၊ သမီးလှရတနာများအဖြစ် ဒို့များအမြဲမြင်ချင်လှပါသည်’’ဟု ဆရာတော်၏ သပိတ်မှောက် ကျောင်းသားသို့ မေတ္တာရပ်ခံခြင်းထုတ်ပြန် ချက်၌ပါရှိသည်။

7day

မှတ်ချက်များ