မိန်းမနိုင်နည်း...


ဘားမှာ သောက်နေကြတဲ့ အမျိုးသားသုံးယောက်ဟာ သူတို့ အိမ်သူတွေကို ဘယ်လိုနှိပ်ကွပ်နိုင်တယ်ဆို တဲ့အကြောင်းကို ပြောနေကြပါတယ်။

ပထမ အမျိုးသားနှစ်ယောက်ဟာ သူတို့အမျိုးသမီးတွေ သူတို့ကို ဘယ်လောက်ကြောက်တယ်ဆိုတာကို
အာပေါင်အာရင်း သန်သန်နဲ့ ကြွားလုံး ထုတ်နေကြပါတယ်။

သူတို့ လေလုံးထွားလို့အပြီးမှာ တတိယ အမျိုးသားက "ငါကတော့ ဟိုတနေ့က ငါ့မိန်းမ .. ငါ့ဆီကိုလေး ဖက်ထောက်ပြီး လာရအောင်ကို ပညာပေးလိုက်တာကွ"လို့ ပြောလိုက်ပါတယ်။

သူ့စကားကို ကြားလိုက်ရတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့မိတ်ဆွေကို အရမ်းအထင်ကြီးသွားပြီး မိန်းမကို မီးသေအောင် ဘယ်လိုများ ကိုယ်တွယ်သလဲလို့ မေးလိုက်ကြပါတယ်။

ဒီတော့ တတိယအမျိုးသားပြန် ပြောလိုက်တာက "အိုး .. ဒါက ခုတင်အောက်မှာ ကိုယ်က လှဲအိပ်နေလိုက် တာလေ။ ဒီတော့ သူက ကိုယ်ဆီ လေးဖက်ထောက် လာရပြီး "ထွက်ခဲ့စမ်းပါ။

ယောက်ျားလို ရန်ဖြစ်စမ်းပါ"လို့ ပြောရတော့တာလေ"တဲ့။

Myanmar.mmtimes

မှတ်ချက်များ