မိမိပြုသောကောင်းမှုဟာ မိမိဆီ ပြန်လာတတ်တယ်ဆိုတာ သက်သေပြသွားတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦး
သူတောင်းစားတစ်ယောက်ကို ညစာ ကျွေးမွေးပြုစုပြီးတဲ့နောက် ထိုင်ဝမ်အမျိုးသားတစ်ဦးဟာ ထိုင်ဝမ်ဒေါ် လာ ၁ မီလီယံ($31770)တန် ဆုတစ်ခုကို ခူးဆွတ်သွားခဲ့တယ်လို့ Central news agency က တနင်္ဂနွေနေ့က ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသား ထီဆိုင်သို့ လာရောက်တဲ့အချိန် ဘယ်နံပါတ်ကို ရွေးယူသင့်လဲဆိုတာ စဉ်းစားနေချိန် အဘွားကြီး တစ်ယောက်ရောက်ချလာပြီး သူမ ဗိုက်ဆာနေကြောင်း သူ့ဆီ လာပြောခဲ့တယ်လို့ ယင်းထီဆိုင်ပိုင်ရှင် Huang Junzhang က ပြန်လည် အမှတ်ရ ပြောဆိုခဲ့ပါတယ်။
အဲဒီအခါ အဲဒီအမျိုးသားက အဖွားကြီးကို ဘေးနား ခေါက်ဆွဲဆိုင်ကို ခေါ်သွားပြီး ထိုင်ဝမ်ဒေါ်လာ ၁၀၀၀ ($31) တန် ထီလက်မှတ်တစ်စောင် ဝယ်ဖို့ ပြန်လာတဲ့အခါ သူကံကောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
ပေါ်ထွန်း | Trend Myanmar

မှတ်ချက်များ