ကိုးကန့်ကိစ္စ တရုပ်သံရုံးရှင်းပြီ


【ကိုကန့်ကို Crimea နှင့်နှိုင်းယှဉ်ပြောတာအလွန်ရယ်စရာကောင်းတယ်။ တရုတ်ရဲ့မြန်မာအပေါ်ထားတဲ့ မူဝါဒကအလွန်တည်ငြိမ်ပါတယ်။】
ဖေဖော်ဝါရီလ၉ရက်နေ့မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယခင်ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ပြန်လည်ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးရှိတရုတ်လူမျိုးအတွက် ရည်ညွှန်းသော စာတစ်ဆောင်ထုတ်ပြန်လိုက်ကာ အကူအညီရယူရန်မျှော်လင့်ခဲ့သည်။ (ထိုစာအားဖတ်ရှုရန် -http://www.lwinpyin.com/2015/02/blog-post_355.html )
အနောက်တိုင်းမီဒီယာများနှင့် တရုတ် Website များတွင်ကိုးကန့်ကို Crimea နှင့်နှိုင်းယှဉ်သော အစွန်းရောက်အသံများ၊ ရှုပ်ထွေးသောတွေးခေါ်မှုပုံစံများထွက်ပေါ်လာသည်။
မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စသည်ရှုပ်ထွေးလှသည်။ ကိုးကန့်ဒေသသည် ယူနန်ပြည်နယ်နှင့် နီးစပ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတိုက်ပွဲများကြောင့် မြန်မာနယ်စပ်ပြည်သူများ တရုတ်နိုင်ငံသို့ ၀င်ရောက်လာခဲ့သည်။
ထိုထဲတွင် ကိုးကန့်လူမျိုးများလည်းများစွာပါဝင်သည်။ သူတို့ကို “မြန်မာနိုင်ငံရှိ ဟန် လူမျိုး”ဟုခေါ်သည်။ ဒီလိုနဲ့ တရုတ်ပြည်တွင်းတွင်ထင်မြင်ချက်မျိုးစုံထွက်ပေါ်လာစေသည်။

မြန်မာနိုင်ငံမြေက်ပိုင်းအခြေအနေကိုရင်ဆိုင်ရခြင်းမှာ တရုတ်အတွက်လွယ်ကူလှသောကိစ္စ မဟုတ်ပေ။ အတိအကျပြောရလျှင် “သံတမန်ဆက်ဆံရေး စိန်ခေါ်မှု” တစ်ရပ်ပင်ဖြစ်သည်။
တရုတ်၏လူမှုရေးအဖွဲ့များသည် စိတ်အေးအေးထားရန်လိုသည်။ မြန်မာနိုင်ငံမြောက်ပိုင်ကိစ္စနှင့် ပတ်သက်ပြီးသဘောထားမှတ်ချက်ပေးခြင်း၊ စွက်ဖက်ခြင်းများပေါ့ပေါ့ဆဆ မပြုလုပ်သင့်။
တရုတ်အစိုးရကို သံတမန်ရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်သွားရန်နယ်ပယ်ပေးသင့်သည်။ မီဒီယာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို ရှင်းပြသည် တရုတ်လူအဖွဲ့အစည်းများအတွက်ထိုဒေသတွင်ဖြစ်ပွားသောကိစ္စရပ်များ သိရှိစေရန် အကျိုးပြုပါသည်။

ပထမအချက်မှာ-

တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်မှာရှင်းလင်းစွာသတ်မှတ်ပြီးသားဖြစ်ပြီး နယ်နိမိတ်ပြဿနာ မရှိပါ။
၁၈၉၇ခုနှစ်ကတည်းက ကိုးကန့်ဒေသသည် အင်္ဂလိပ်လက်အောက်ရှိအိန္ဒိယတွင် ပါဝင်သည်။
(ထိုအချိန်က မြန်မာနိုင်ငံလည်းထိုတစ်စိတ်တစ်ပိုင်းဖြစ်သည်။)
ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် မတည်ထောင်ကတည်းကသာမက တရုတ်သမ္မတနိုင်ငံတော်မတည်ထောင်ကတည်းက ကိစ္စဖြစ်သည်။

ဒုတိယအချက်မှာ -

မြန်မာနိုင်ငံရှိကိုးကန့်လူမျိုးသည် မြန်မာတိုင်းရင်းသားလူမျိုးတစ်စု ဖြစ်သည်။
သူတို့သည်တရုတ်လူမျိုးများ၏ဆွေမျိုးသာဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသားမဟုတ်ပါ။

တတိယအချက်မှာ -

ကိုးကန့်ဒေသသည် Crimea မဟုတ်ပါ။
ထိုကဲ့သို့ခိုင်းနှိုင်းချက်သည် အဖြစ်မှန်နှင့် လုံးဝမသက်ဆိုင်ပါ။
လူတစ်ချို့၏ထင်ရာမှန်းဆခြင်းသည် တရုတ်နိုင်ငံလုံးဝလက်မခံသော ထူးခြားသောရည်ရွယ်ချက်ရှိရှိ သဘောထားနေခြင်းပင်ဖြစ်သည်။

စတုတ္ထအချက်မှာ -

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် တရုတ်နိုင်ငံအတွက် အကျိုးအများဆုံးဖြစ်ထွန်းစေသည်။
မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံလုပ်ဆောင်နိုင်သည်မှာ ငြိမ်းချမ်းရေးအတွက်တိုက်တွန်းခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များဆွေးနွေးခြင်းမှတစ်ဆင့်ပြဿနာကိုဖြေရှင်းရန်ဖျောင်းဖျသည်။
မြန်မာနယ်စပ်ပြည်သူများအလုံးအရင်းတရုတ်နိုင်ငံတွင်းသို့ဝင်ရောက်လာခြင်းသည် တရုတ်နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အကျိုးမရှိပါ။
ဒါ့ကြောင့်တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက်တိုက်တွန်းခြင်းသည်သဘာဝပင်ဖြစ်သည်။

ပဉ္စမအချက်မှာ -

တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့်သာမက လူမှုရေးအဖွဲ့အစည်းများနှင့်လည်း ကောင်းမွန်သောဆက်ဆံ
ရေးရှိသည်။ဒီလိုကောင်းမွန်သောဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံသည် မည်သည့်အချိန်တွင်ဖြစ်စေ မြန်မာပြည်တွင်းပဋိပက္ခများတွင်မပါဝင်သင့်ပါ။
တရုတ်ပြည်တွင်းသာမက မြန်မာပြည်တွင်း အဖွဲ့အစည်းများသည် ကိစ္စရပ်များကိုတရုတ်သို့မတွန်းပို့သင့်ပါ။
အကယ်၍တွန်းပို့လျှင်တောင် ထိုအဖွဲ့အစည်းများမျှော်လင့်သလို ဖြစ်လာမည်မဟုတ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်း၏သမိုင်းကြောင်းသည် အနည်းငယ်ရှုပ်ထွေးသည်။သမိုင်းကြောင်း ပြဿနာ ကို သတ္တိ သာမကပညာသားပါပါဖြေရှင်းရန်လိုအပ်သည်။လတ်သလောတိုက်ပွဲများမှ ပြင်းထန်ပြီး တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့နှစ်ဘက်စလုံးဒဏ်ရာရကျဆုံးမှုများရှိပြီး တိုက်ပွဲဂယက်ကြောင့်ဒေသခံများ ဘ၀နေထိုင်မှုကိုထိခိုက်လာသည်။ ယခုနှစ်သည် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲကျင်းပ မည့်နှစ်ဖြစ်သည်။

ကျွန်တော်တို့သည် ရွေးကောက်ပွဲမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားရာနှစ်ဖက်လုံးနားလည်မှုများရရှိစေရန် လွန်စွာမျှော်လင့်ပြီး ပဋိပက္ခကရွေးကောက်ပွဲကိုသက်ရောက်စေသည့် အခြေအနေကို မလိုလားပါ။
တရုတ်နိုင်ငံ၏မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒမှာ တည်ငြိမ်ပါသည်။

ကျွန်တော်တို့ဟာအဆိုပါ တည်ငြိမ်သောအခြေအနေကိုထိန်းသိမ်းရန်အစွမ်းလည်းရှိပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍တရုတ်ပြည်ကသဘောထားကိုပြောင်းလဲပြီးထင်ရာမှတ်ချက်ချပေးခြင်းသည် မြန်မာလူမှုအဖွဲ့အစည်းနှင့်မိမိတို့ကိုယ်တိုင်အတွက်တလွဲဖြစ်စေပါသည်။
တရုတ်ကိုမူဝါဒ ပြောင်းလဲစေရန်လမ်းကြောင်းပေးလိုသောရည်ရွယ်ချက်ကအကျိုးမထူးလာဘဲ အချိန်သာကုန်သွားလိမ့်မည်။

တရုတ်ပြည်တွင်းလူတစ်စုသည်အကြောင်းအမျိုးမျိုးကြောင့်ကိုးကန့်လူမျိုးများအပေါ်နားလည် စာနာကြသည်။
ဒီကိစ္စကိုနားလည်ပေးလို့ရပါသည်။

သို့သော် ဒီကိစ္စဟာတရုတ်မှမြန်မာပြည်အပေါ်ထားရှိသော မူဝါဒကိုပြောင်းလဲစေလောက်သော အကြောင်းရင်းမဟုတ်ပါ။

တရုတ်၏မြန်မာအပေါ်သဘောထားမှာနိုင်ငံတကာဥပဒေ နှင့်တရုတ်-မြန်မာ ကာလကြာချစ်ကြည်သောမိတ်ဖက်ဆက်ဆံရေး မူဘောင်တွင်သာ မူတည်သည့်အချက်မှာ ပြောင်းလဲမည်မဟုတ်နိုင်ပါ။

မြန်မာနိုင်ငံလူဦးရေမှာ သန်း၅၀ ကျော်ရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၄မျိုးရှိပြီး လက်နက်ကိုင်အ ဖွဲ့၂၉ဖွဲ့ရှိကာ လက်ရှိတွင် ၁၀ဖွဲ့ကျော်သည် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသည်။ မြန်မာအစိုးရက လူမျိုးစုပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်ရန်မှာ လွန်စွာခက်ခဲလှသည်။

တပ်မတော်အပါအ၀င် အားလုံးအပစ်ရပ်ကာမှ ဆွေးနွေးမှုလုပ်ဆောင်နိုင်မည်။
ကျွန်တော်တို့သည် မြန်မာနိုင်ငံကောင်းမွန်သောကံကြမ္မာကို ပိုင်ဆိုင်၍ ကိုးကန့်အပါအ၀င် တိုင်းရင်းသားလူမျိုးစုအားလုံး ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သော အခွင့်အလမ်းများရရှိ ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

မူရင်းသတင်း - https://www.facebook.com/pages/Chinese-Embassy-in-Myanmar

မှတ်ချက်များ