ဆောင်းဦးလှိုင်ကို ဆုရတဲ့ ရွှေတစ်ကျပ်သား ဂုဏ်ပြုခဲ့တဲ့ နီနီခင်ဇော်


တေးသံရှင်နီနီခင်ဇော်က‘မျှော်လင့်ချက်တစ်စုံတစ်ရာ’သီချင်းကိုရေးစပ်ပေးသည့်တေးသံရှင်ဆောင်းဦးလှိုင်အားရရှိခဲ့သောဆုတံဆိပ်မှ ရွှေတစ်ကျပ်သားကို သွားရောက်ဂုဏ်ပြုခဲ့ကြောင်းသတင်းရရှိသည်။

ယင်းသီချင်းဖြင့် ရရှိခဲ့သည့် The Best Pop Song Of The Year 2014ဆုထဲမှ ရွှေကိုဆောင်းဦးလှိုင်၏အိမ် သို့ သွားရောက်ဂုဏ် ပြုခဲ့ပြီး ဆောင်းဦးလှိုင်မှာ ခရီးလွန်နေ၍၎င်း၏ဖခင်အား ပေးအပ်ခဲ့ရသည်ဟုဆိုသည်။

‘‘မျှော်လင့်ချက်တစ်စုံတစ်ရာကို ရေးစပ်တီးခတ်ပေးခဲ့သော ကိုဆောင်းဦးလှိုင်ကို ကျေးဇူးတင်လေးစားခြင်း အားဖြင့် The Best Pop Song Of The Year 2014 ရရှိခဲ့သော ဆုထဲမှ ရွှေစင်ရွှေသားတစ်ကျပ်ကို သွားရောက်ဂုဏ်ပြုခဲ့ပါတယ်’’ဟု နီနီခင်ဇော် ၏ Fan Pageတွင် ရေးသားထားသည်။

တေးသံရှင်နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းသည် မိုးရာသီဂီတထူးချွန်ဆုပေးပွဲတွင်လည်း ဆုနှစ်ခုရရှိခဲ့ပြီးတစ်နှစ်တာအတွက် ချီးမြှင့်သည့် ဂီတဆုပေးပွဲ၌ဆုနှစ်ဆုရရှိခဲ့ သည်။

7day

မှတ်ချက်များ