Google မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့


Google Services မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။ အဲ့ဒီအတွက် Zawgyi ကိုပဲ အမြဲတမ်းသုံး တဲ့ကျနော်တို့အတွက် Font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။

အခု ကျနော်ပြောမယ့်နည်းလမ်းက Zawgyi ရော Unicodeကိုပါ Font Setting မပြောင်းပဲနဲ့ အဆင်ပြေ
ပြေဖတ်နိုင်ဖို့ပါ။

လိုအပ်တာကတော့ -

၁) Firefox Latest Version (Download: http://www.mozilla.org/en-US/firefox/new/ )
Download ချပြီး Install လုပ်ပါ။ ရှိနေပြီးသာဆိုရင် Install လုပ်စရာမလိုတော့ပါဘူး။

၂) GreaseMonkey Firefox addon ( Download:https://addons.mozilla.org/en-Us/firefox/addon/greasemonkey/)
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။

၃) Myanmar 3 font Download (http://www.myanmarlanguage.org/…/files/mm3-multi-os.ttf_.zip)
Myanmar 3 font ကို Download ချပြီး Install လုပ်ပါ။

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။

ပြီးရင် Firefox ကိုဖွင့် ပါ။ အရင်ဆုံး Font setting ကို Default အတိုင်းထားရပါမယ်။

အဲ့ဒီအတွက် Tools> Options> Content ထဲက Font setting မှာ Default font ကို Time New Romance ထားပေးပါ။

Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။

Default character encoding ကို Western (ISO-8859-1) ထားပါ။ ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

ပြီးရင် http://userscripts-mirror.org/scripts/show/103745 ကိုသွားပါ။

ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။

pop-up window တခုပေါ်လာပါလိမ့်မယ်။ Install ကိုနှိပ်ပါ။

MyanmarFontTagger Successfully Installedဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အ ဆင်ပြေပါပြီ။

(http://www.google.com.mm/) ကိုသွားပါ။ မြန်မာဘာသာကိုရွေးပါ။

အားလုံးကိုအဆင်ပြေပြေမြင်ရပါလိမ့်မယ်။ မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။ အဆင်ပြေပါစေခင်ဗျ။

လွင်ပြင်သတင်း

မှတ်ချက်များ