မေ့ဆေးပြယ်လာလို့ ( ဟာသ )
အမျိုးသားတစ်ဦးဟာ ခွဲစိတ်မှုခံယူပြီးရာကနေ မေ့ဆေးပြယ်ပြီး သတိရလာတဲ့အခါ အနားမှာထိုင်စောင့်နေ တဲ့ ဇနီးဖြစ်သူကို တွေ့လိုက်ရပါတယ်။
မျက်လုံးခပ်ဖြည်းဖြည်း ဖွင့်ကြည့်ပြီး "မင်းက သိပ်လှတာပဲ"လို့ ပြောလိုက်ရင်း ပြန်ပြီးအိပ်မောကျ သွားပါတော့တယ်။
ခင်ပွန်းထံကနေ ဒီလိုပြောတာမျိုးကို တစ်ခါမှ မရရှိဖူးတာကြောင့် ဇနီးသည်ဖြစ်သူဟာ အိပ်ပျော်နေ တဲ့ယောက်ျားနားမှာပဲ ဆက်ပြီး ထိုင်နေပြန်ပါတယ်။
နှစ်မိနစ်လောက်အကြာမှာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်နဲ့ ပြန်နိုးလာပြန်ပြီး "မင်းက ချစ်ဖို့ကောင်း တယ်နော်"လို့ ပြောလိုက်ပြန်ပါတယ်။
ဒါပေမဲ့ ကြားလိုက်ရတဲ့ဇနီးသည်ကတော့ 'လှလိုက်တာ' အစား 'ချစ်ဖို့ကောင်းတယ်'လို့ ပြောင်းပြီးပြော ခံရတာမို့ မကျေမနပ်ဖြစ်သွားပါတော့တယ်။
ဒါကြောင့်မို့ "ရှင်ပဲ စောစောက ကျွန်မကို သိပ်လှတာပဲဆို။ ခုအဲဒီစကားက ဘာဖြစ်သွားပြီလဲ"လို့ယောက်ျား လုပ်သူကို မေးလိုက်ပါတယ်။
အဲဒီအခါ ယောက်ျားလုပ်သူ ပြန်ပြောလိုက်တာက "ဒါက မေ့ဆေးအရှိန် တဖြည်းဖြည်းနဲ့ ပြယ်လာပြီလေ.. မိန်းမရေ" တဲ့။
Myanmar.mmtimes

မှတ်ချက်များ