ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က ခြိမ်းခြောက်၍ လူစုပြီး ငွေနှင့် မူးယစ်ဆေးဝါးပေးကာ တိုက်ခိုက်စေကြောင်း အစိုးရထုတ်ပြန်

(ယမန်နေ့တိုက်ပွဲတွင် တပ်မတော်မှ တစ်ဦးကျဆုံး၊ ခုနစ်ဦးဒဏ်ရာရပြီး ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဘက် မှ နှစ်ဦးသေ)

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က လောက်ကိုင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမား များနှင့် ဒေသခံပြည်သူအချို့ကို လက်နက်ဖြင့် ခြိမ်းခြောက်၍ စစ်တိုက်ရန် အဓမ္မ ခေါ်ဆောင်လျက်ရှိနေ
ကြောင်း နိုင်ငံ တော်အစိုးရက သတင်းထုတ်ပြန် သည်။

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များသည် သေနတ်နှင့် ယူနီဖောင်းများထုတ်ပေးကာ စစ်တိုက်ရန်ခေါ်ဆောင်ရာ တွင် မလိုက်ပါက သေနတ်ဖြင့် ပစ်သတ်ပြပြီး အကြောက်တရားနှင့် တပ်သားများ စုစည်းခေါ်ဆောင်နေ
ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ထို့အပြင် လူတစ်ဦးလျှင် ယွမ်ငါးရာနှင့် ရာမဆေးပြားတစ်ထုပ်ပေးကာ သောင်းကျန်းသူအဖွဲ့များ၏ ရှေ့တန်း သို့ တင်ပြီး လောက်ကိုင်မြို့ရှိ တပ်မတော်ဌာနချုပ်များကို ညစဉ် လာရောက်ပစ်ခတ်ရန် စေခိုင်းလျက်ရှိ
ကြောင်း ဒေသခံပြည်သူများနှင့် ဖော်ထုတ်ဖမ်းဆီးရမိသူများထံမှ သိရကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်
ပြန်သည်။

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးဒုတိယမြောက်နေ့၌ ဖေ ဖော်ဝါရီ ၁၉ ရက်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းလျက်ရှိရာ လောက်ကိုင်မြို့ တစ်ဝိုက် ကိုးကန့်သောင်းကျန်းသူများနှင့် ထိတွေ့စစ်ပွဲများ
ဖြစ်ပွားခဲ့သောကြောင့် တပ်မတော်မှ အရာရှိတစ်ဦးကျဆုံးပြီး စစ်သည် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အလောင်း နှစ်လောင်း၊ လက်နက်ငယ် ခုနစ်လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်း အချို့ သိမ်းဆည်း ရမိခဲ့သည်ဟုဆိုသည်။

လောက်ကိုင်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက် အထိ တပ် မတော်မှ ကျဆုံးသူ စုစုပေါင်း ၅၁ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၁၀၇ ဦးအထိရှိသည်။ ကိုး ကန့်တိမ်းရှောင် တပ်ဖွဲ့ဘက်မှ စုစုပေါင်းအလောင်း ၂၈ လောင်း သိမ်းဆည်း ရမိကြောင်း ဖော်ပြပြီး တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုမှာ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ထက် ပိုများနေသည်။

7Day

မှတ်ချက်များ