မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ်ကို ဧရာဝတီ ဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အင်းကြင်းစု ကျေးရွာမှ အဖဦးမောင်လွင်၊အမိ ဒေါ်ဌေးတို့၏ မွေးရာပါ ခြေလေး ချောင်း ရှိသည့် သမီးငယ်လေး ဘေဘီမဌေး (သို့) မဖူးပွင့်မာလာ၏ ခွဲစိတ် မှုအောင်မြင်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က မွေးဖွားခဲ့သည့် ခြေလေး ချောင်းပါ သမီးငယ်လေးတွင် မွေး ချင်း ၅ ယောက်ရှိပြီး မွေးပြီးပြီးချင်း ၃ ရက်အကြာတွင် ရန်ကင်းကလေး ဆေးရုံသို့ ရောက်ရှိလာသော်လည်း ထိုအချိန်က ခွဲစိတ်ကုသမှုခံယူရန် ငယ်လွန်းသည့်အတွက် စောင့်ဆိုင်း ခဲ့ကြောင်း သိရသည်။ ဧရာဝတီ
ဖောင်ဒေးရှင်းသည် လူနာကလေးငယ်၏ ဆေးရုံတက်စဉ် ကုန်ကျစရိတ် နှင့် ခွဲစိတ်ကုသစရိတ် အားလုံးကို အ ကုန်အကျခံပေးခဲ့ကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို အဖွဲ့ဝင် ၈ ဦး၊ အရိုးခွဲစိတ် အထူးကု ဆရာ ဝန်အဖွဲ့ အဖွဲ့ဝင် ၆ ဦး၊ မေ့ဆေး အထူးကု ဆရာဝန်အဖွဲ့ အဖွဲ့ဝင် ၁၃ ဦး၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူး ကုအဖွဲ့ အဖွဲ့ဝင် ၄ ဦး၊ ဆေးကု သ ရေးနှင့် အထူးကြပ်မတ် ကုသရေးအ ဖွဲ့ အဖွဲ့ဝင် ၉ ဦး၊ ရောဂါရှာဖွေရေးအဖွဲ့ အဖွဲ့ဝင် ၃ ဦး၊သူနာပြုဆ ရာမများ အဖွဲ့ အဖွဲ့ဝင် ၂၂ ဦး၊ ပြန်ကြားရေး အဖွဲ့ အဖွဲ့ဝင် ၇ ဦး၊ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ၄ ဦး၊ ဧည့်ခံကြို ဆိုရေးအဖွဲ့ အဖွဲ့ဝင် ၄ ဦးနှင့် ရန်ကင်းကလေး ဆေးရုံ ရုံးအဖွဲ့ (စီမံ)၊ ခွဲစိတ်ခန်းဧည့် ခံကြိုဆိုရေးအဖွဲ့ အဖွဲ့ဝင် ၁၈ ဦး၊ အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင် ၇ ဦးတို့က အတူတကွ ပူးပေါင်း လုပ် ဆောင်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံ နက် ၆ နာရီမှစပြီး ညနေ ၄ နာရီခွဲ အချိန်အထိ ၁၀ နာရီခွဲခန့်ကြာအောင် ပြု လုပ်ခဲ့သည့် ခွဲစိတ်ကုသမှုသည် မျှော်လင့်ထားသည့်အတိုင်း အောင် မြင်မှု ရရှိခဲ့ကြောင်း ရန်ကင်းကလေး
ဆေးရုံရှိ တာဝန်ကျခွဲစိတ် ဆရာဝန် များက ပြောသည်။ ဧရာဝတီဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က လည်း သမီးငယ် ဖူးပွင့်မာလာအား သွား ရောက်ကြည့်ရှုခဲ့ပြီး မိဘများကိုလည်း တွေ့ဆုံ အားပေးခဲ့ကြောင်း၊ အဆိုပါ ခွဲစိတ်မှုသည် မြန်မာ့ဆေးပညာ လော ကအတွက် မှတ်တိုင်သစ်တစ်ခု စိုက် ထူနိုင်ခဲ့ခြင်းဖြစ်
ကြောင်းလည်း သိရ သည်။
မောင်နိုး | The Ladies News Jounal



မှတ်ချက်များ