ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်ဝင်လာပါက သဘောတူညီချက် ၁၁ ချက် ပျက်ပြယ်မည်ဟုဆို


ကျောင်းသားသပိတ်စစ် ကြောင်းများ ရန်ကုန်တိုင်းဒေသ ကြီးသို့ ၀င်ရောက်လာပါက လေး ပွင့်ဆိုင်ဆွေးနွေး ပွဲ သဘောတူညီ ချက် ၁၁ ချက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက သတင်းထောက်များအား ပြောသည်။

ရန်ကုန်မြို့သို့ ချီတက်လာ သော ကျောင်းသားသပိတ် စစ် ကြောင်းများ ရပ်တန့်ရေးနှင့် ပတ် သက်၍ အစိုးရ ၏ တောင်းဆိုချက် အပေါ် သဘောတူညီချက် မရရှိ ခဲ့ခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံ ဖွယ် အခြေအနေ မြင့် တက်လာ နေသည်။

‘‘ဒီလုပ်ငန်းစဉ်ကြီးက သူတို့ တောင်းဆိုထားတာတွေကို လုပ် ထားတာလေ။ အစိုးရဘက်က တောင်းဆို တာ တစ်ခုပဲရှိတယ်။ သူတို့က ၁၁ ချက်အပြင် ကိုးချက် ကို တောင်းဆိုတယ်။ ၁၁ ချက် ရော၊ ကိုးချက်ရော အကုန်လုံး လုပ်ပေးလိုက်တယ်။ ဦးတို့ တောင်းဆိုတဲ့ တစ်ချက်တည်းက ရန်ကုန်မြို့သည် လောင်စာကြီး၊ မီးပွားသယ်လာလို့ မရဘူး။ သယ် လာမသင့်ဘူးပေါ့နော်။ သယ်လာ ရင် ပျက်သွားနိုင်တယ်ဆိုတော့ အဲဒီ ကတည်းက အကုန်ပျက်သွား နိုင်တယ်’’ ဟု ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက လေးပွင့် ဆိုင်ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြော သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်နေသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ် စစ်ကြောင်းသည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းအတည်
ပြုသည့် အဆင့်ထိ သပိတ်အား မရပ်နားဘဲ စောင့်ကြည့်၍ မည်သည့်အခြေအနေတွင်မဆို ရန်ကုန်မြို့သို့ ချီတက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

‘‘ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးရဲ့ သဘောထားက သပိတ်ရပ် ဆိုင်းခြင်း ဆိုတာ လွှတ်တော်မှာ အတည်ပြုနိုင်ခြင်းဆိုတဲ့အပေါ် မှာ မူတည်ပါတယ်။ ဒါက ကျွန်မ တို့ ၁၅ ဦးမှာ တူညီ တဲ့ သဘော ထားရှိတယ်။ ဒါပေမဲ့ လောလော ဆယ် သပိတ်ပုံစံတွေကတော့ ဧရာဝတီနဲ့ ထားဝယ်သပိတ် စစ် ကြောင်းက ခေါင်းဆောင်ကော်မ တီဝင်က သီးခြားသူတို့စစ်ကြောင်း တွေကို တာဝန်ယူသွားမှာ ဖြစ်ပါ တယ်။ သေချာတာကတော့ သ ပိတ်ရပ်ဆိုင်းမှာက အားလုံးအ တူတူပါပဲ။ လှုပ်ရှားမှုပုံစံက ကွဲ ပြားချင် ကွဲ
ပြားနိုင်ပါတယ်။ အ ကြမ်းဖျင်းသိရချက်အရတော့ ရန် ကုန်ကို ဆက်လာပါလိမ့်မယ်’’ ဟု သပိတ်မှောက်
ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။

ဇန်န၀ါရီ ၂၀ ရက်က စတင် လမ်းလျှောက် သပိတ်မှောက်ခဲ့ သော ကျောင်းသားသပိတ် စစ် ကြောင်းများ သည် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အ ချက် ၁၁ ချက် တောင်းဆိုခဲ့ပြီး နောက် ပညာရေးလေး ပွင့်ဆိုင် ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကာတောင်းဆိုချက်များကို မူအားဖြင့် သဘောတူညီခဲ့ကြကာ ဥပဒေ ကြမ်းရေးဆွဲ၍ လွှတ်တော်တွင် အတည်ပြုရမည့် အဆင့်သို့ ရောက်ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ယမန်နေ့က ပညာ ရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲ ထပ် မံပြုလုပ်ခဲ့သော် လည်း အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပ ဒေကြမ်းကို အပြီးသတ်ရေးဆွဲနိုင် ခဲ့ခြင်းမရှိဘဲ ဖေဖော် ၀ါရီ ၁၅ ရက် တွင် ဆက်လက်ဆွေးနွေး ဆောင် ရွက်ကြမည်ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ဖေ ဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော် သို့တင်သွင်း ၍ အလျင်အမြန် အ တည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပညာ ရေး လေးပွင့်ဆိုင်
ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ် တော်ကိုယ်စားလှယ်များက ပြော ဆိုထားသည်။

နေလင်းထွန်း | 7day




မှတ်ချက်များ