တန်ဖိုးရှိသော မြန်မာ့ဆေးမြီးတိုများ
အသည်းရောင်အသားဝါ၊ သွေးတိုးရောဂါ ရှိပါက ကြက်ဟင်းခါးရွက်ကို ဟင်းချိုချက်သောက်ရပါမည်။
လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါရပါက ဂွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ရပါမည်။
ညှင်း၊ တင်းတိပ်နှင့်ဝက်ခြံများပေါက်ပါက ဘုတလင်သီးကို သံပုရာရည်နှင့်သွေး၍လိမ်းပါ။
ခံတွင်းပျက်ရောဂါရပါက ဂုံမင်းဟင်းချိုကို သောက်ပါ။
အအေးမိအဖျားရောဂါရပါက ငရုတ်ကောင်းမှုန့်ကို ဟင်းချိုပူပူမှာထည့်သောက်ပါ။
ဝမ်းချုပ်ရောဂါရပါက ငုရွက်နုနုကို ဟင်းချိုချက်သောက်ပါ။
မြစ်ပွားနာအဖု အကျိတ်အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍သောက်ပါ။
ခန္ဓာကိုယ်အတွင်းပိုင်းတွင် အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍ သောက်ပါ။
စကားထစ်၊ ဆွံ့အရောဂါရပါက မြင်းခွာရွက်ဟင်းချိုကို တစ်နေ့၃ကြိမ် မှန်မှန်သောက်ပေးပါ။
နှလုံးအားနည်း၊ သွေးတိုးမူးဝေပါက ဧကရဇ်ပွင့်ဟင်းချိုကိုသောက်ပါ။
လွင်ပြင်

မှတ်ချက်များ