မြန်မာအသင်းလျှောက်လှမ်းရမည့် နယူးဇီလန်ခရီးကြမ်း
ဖော်ဝါရီ ၁ဝရက် ကကျင်းပခဲ့သည့် ယူ-၂ဝကမ္ဘာ့ဖလားမဲခွဲပွဲအား စကိုင်း နက်မှတိုက်ရိုက်ပြသခဲ့ပြီး မြန်မာ
ဘောလုံးချစ်ပရိသတ် အများအပြား စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်။
မဲခွဲပွဲတွင် မြန်မာယူ-၂ဝအသင်းမှာ အိမ်ရှင်နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်းအသင်းတို့နှင့် အုပ်စု(က) တွင် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။
မဲခွဲပွဲမတိုင်မီက ကမ္ဘာ့ဘောလုံးအင်အားကြီး နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီစ သည့် အသင်းများနှင့် တစ်အုပ်စုတည်း မတွေ့ရန် မြန်မာပရိသတ်များက မျှော် လင့်ခဲ့ကြသည်။ ပရိသတ် များမျှော်လင့်သလို မြန်မာအ သင်းက ဘောလုံးအင်အားကြီး အသင်းများနှင့် ရှောင်လွှဲ နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယူ-၂ဝကမ္ဘာ့ဖလား အား ၁၃ကြိမ်ဝင်ပြိုင်ဖူးသည့် အမေရိကန်၊ နှစ်ကြိမ်စီ ဝင်ပြိုင်ဖူးသည့် အိမ်ရှင်နယူးဇီလန်နှင့် ယူကရိန်းအသင်း တို့က မြန်မာအသင်းကျော်ဖြတ်ရန်ခက်ခဲမည့် ပြိုင်ဘက် များဖြစ်လာမည်မှာ သေချာနေသည်။
ယူ-၂ဝကမ္ဘာ့ဖလားသမိုင်း
---------------------------
ပြိုင်ဘက်အသင်းများအကြောင်း မတင်ပြမီ မြန်မာအသင်းအတွက် ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရ ခဲ့သည့် ယူ-၂ဝကမ္ဘာ့ဖလားသမိုင်းကြောင်း အားအနည်း ငယ် နောက်ကြောင်းပြန်လိုသည်။ ယူ-၂ဝကမ္ဘာ့ဖလား ပြိုင်ပွဲကို ကမ္ဘာ့လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲအမည်ဖြင့် ၁၉၇၇ ခုနှစ်တွင် တူနီးရှားနိုင်ငံ၌အသင်း ၁၆သင်းဖြင့် စတင် ကျင်းပခဲ့ပြီး ဆိုဗီယက်အသင်းက မက္ကဆီကိုအသင်းကို ပင်နယ်တီ ၉-၈ဂိုးဖြင့် အနိုင်ယူကာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့သည်။
ယင်းနှစ်မှစတင်ကာ နှစ်နှစ်တစ် ကြိမ်ကျင်းပလာခြင်းဖြစ်ပြီး ကနေဒါနိုင်ငံတွင် ကျင်းပခဲ့ သည့် ၂ဝဝ၇ပြိုင်ပွဲမှစတင်ကာ ယူ-၂ဝကမ္ဘာ့ဖလားအ မည်ဖြင့်ပြောင်းလဲ ကျင်းပခဲ့သည်။ ၁၉၉၇ခုနှစ်တွင် မလေး ရှားနိုင်ငံ၌ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက်ပြိုင်ပွဲတွင် အသင်းအရေအတွက် ၁၆သင်းမှ ၂၄သင်းအထိ တိုးမြှင့် ကာယနေ့အထိကျင်းပခဲ့သည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် အာဂျင်တီးနားက ချန်ပီယံခုနစ်ကြိမ်ရရှိကာ အအောင်မြင် ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
အဖွင့်ပွဲတွင် တွေ့ဆုံရမည့်အမေရိကန်
-------------------------------------------
အမေရိကန်နိုင်ငံမှာ ဘောလုံးအားကစားကို လူကြိုက်အများဆုံး မဟုတ်သော်လည်း ကမ္ဘာ့ဖလားပြိုင် ပွဲတိုင်းတွင် လူကြီးအသင်းရော၊ လူငယ်အသင်းပါ ပုံမှန် ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ယူ-၂ဝကမ္ဘာ့ ဖလားပြိုင်ပွဲတွင်လည်း ၁၉၈၁ခုနှစ်ပြိုင်ပွဲကတည်းက စတင်ဝင်ပြိုင်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁၃ ကြိမ်ဝင်ပြိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၈၉ ခုနှစ်ပြိုင်ပွဲတွင် စတုတ္ထရရှိခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ် ပြိုင်ပွဲတွင် လည်း ဝင်ပြိုင်ခွင့်ရခဲ့ပြီး စပိန်၊ ဂါနာ၊ ပြင်သစ်တို့နှင့် တစ် အုပ်စုတည်းကျခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
အမေရိကန်ယူ-၂ဝအသင်းမှာ ဇန်နဝါရီလအတွင်းက ကျင်း ပခဲ့သည့် ကွန်ကာကပ်ဖ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု ဒုတိယရရှိကာ Play-Off ကစားခွင့် ရရှိခဲ့ပြီး အယ်ဆာ ဗေဒိုအသင်းကို ၂-ဝဂိုးဖြင့် အနိုင်ယူကာ ယခုနှစ်ပြိုင်ပွဲ အားဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်အသင်းအား ဥရုဂွေးနည်းပြရာမို့စ်က ကိုင်တွယ်နေပြီး အင်္ဂလန်က လပ်များဖြစ်သည့် စပါး၊ ဆန်းဒါးလန်း၊ ဖူလ်ဟမ်၊ ဂျာမနီ ကလပ်များဖြစ်သည့် ဒေါ့မွန်၊ ဖရိုင်းဘက်နှင့် ဟော့ဖန် ဟိမ်အသင်းများမှ ကစားသမားများပါဝင်နေသည်။
''အုပ်စုပြိုင်ဘက်သုံးသင်းစလုံးက သူတို့ကဘယ်လောက် ကောင်းတဲ့ ပြိုင်ဘက်တွေဖြစ်လဲဆိုတာ သက်သေပြမှာ သေချာပါတယ်။ ဒီအဆင့်မှာ အ သင်းတိုင်းအတွက်တော့ စိန်ခေါ် မှုရှိကြမှာဖြစ်လို့ နည်းစနစ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေ အားလုံးကိုစောင့်ကြည့်ဖို့လို ပါလိမ့်မယ်။
''ကျွန်တော်တို့က ခြေ စစ်ပွဲအဆင့်မှာလည်း အကောင်း ဆုံးလုပ်နိုင်ခဲ့လို့ ဒီအဆင့်မှာလည်း အောင်မြင်မှုတွေရယူနိုင်စွမ်းရှိပါ တယ်''ဟု အမေရိကန်နည်းပြရာ မို့စ်က အမေရိကန်ဘောလုံးအဖွဲ့ ချုပ်ဝက်ဘ်ဆိုက်တွင် ပြောသည်။
အဆုံးအဖြတ်ဖြစ်လာနိုင်သည့် ယူကရိန်းနှင့် ပွဲစဉ်
--------------------------------------------------------
မြန်မာအသင်း အနေဖြင့် ဒုတိယခြေလှမ်း အဖြစ် ယူကရိန်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်း ပွဲက အုပ်စုတက်မတက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာ နိုင်သည်။ ယူကရိန်းအသင်းမှာ ၂ဝ၁၄ဥ ရောပယူ၁၉ပြိုင် ပွဲ ပထမအဆင့်တွင် အုပ်စုဒုတိယဖြင့် တက်ရောက်လာ ပြီး ဒုတိယအဆင့်တွင် အင်္ဂလန်အသင်းကို နောက်ကောက် ကျကာ အုပ်စုပထမရရှိခဲ့သည်။
နောက်ဆုံးရှစ်သင်းအ ဆင့်တွင် အုပ်စုတတိယဖြင့် ယခုပြိုင်ပွဲအား သုံးကြိမ် မြောက်ဝင်ပြိုင်ခွင့်ရရှိခဲ့သည်။ ယူကရိန်းအသင်းမှာ စတင် ဝင်ပြိုင်ခွင့်ရခဲ့သည့် ၂ဝဝ၁နှင့် ၂ဝဝ၅ ပြိုင်ပွဲ နှစ်ကြိမ်စလုံး ၁၆သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့သည်။ လက်ရှိ ယူကရိန်းယူ-၂ဝအသင်းအား လက်ရွေးစင် နောက်တန်း ကစားသမားဟောင်း ဟိုလော့ဗ်ကိုက ကိုင်တွယ်နေပြီး ရှက်တာဒိုးနက်၊ ဒိုင်နမိုကိဗ်၊ မီတဲလစ်စသည့် ယူကရိန်း ထိပ်သီးကလပ်များမှာ လူငယ်ကစားသမားများဖြင့် စုဖွဲ့ ထားသည်။
အိမ်ရှင်နယူးဇီလန်
--------------------
သမုဒ္ဒရာပိုင်းဇုန်ထိပ်သီး နယူးဇီလန်မှာ အိမ် ရှင်ဖြစ်သဖြင့် ဝင်ပြိုင်ခွင့်ရရှိသည့်အသင်းဖြစ်ပြီး ခြေစစ် ပွဲမကစားခဲ့ရပေ။ သို့သော် အိမ်ရှင်ပရိသတ်ရှေ့တွင် မျက်နှာပန်းလှရေးအတွက် တရုတ်နှင့် ကာတာနိုင်ငံများ တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲမတိုင်ခင် လေးသင်း ပါဝင်မည့် ဖိတ်ခေါ်ခြေစမ်းပွဲအား မေလဆန်းပိုင်းတွင် ကစားရန် စီစဉ်နေကြောင်း နယူးဇီလန်ဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
နယူးဇီလန်အသင်း အား အင်္ဂလန်နည်းပြဒါရင်းဘာဇလေက ကိုင်တွယ်နေ ပြီး အင်္ဂလန်အောက်တန်းအသင်းများမှ လူငယ်ကစား သမားများလည်း ပါဝင်နေသည်။''ကျွန်တော်တို့အုပ်စုမှာ အသင်းကြီးတွေနဲ့ ရှောင်နိုင်ခဲ့လို့ အုပ်စုအနေအထားကို ကျေနပ်ပါတယ်။ ဒါပေမဲ့ယူကရိန်း၊ အမေရိကန်နဲ့မြန်မာ တို့ကလဲ တောင့်တင်းတဲ့အသင်းတွေဖြစ်ပြီး အသင်းကောင်း တွေရှိတဲ့ ဒေသကနေခြေစစ်ပွဲအောင်လာတာပါ။ ပွဲစဉ် တိုင်းကခက်ခဲမှာဖြစ်ပြီး အလွယ်တကူတော့ အနိုင်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းအတွက် ၁၂ ယောက်မြောက်ကစားသမားတွေဖြစ်တဲ့ ပရိသတ်တွေ လိုပါတယ်။ ရာသီဥတုအနေအထားနဲ့ အိမ်ကွင်းအား သာချက်က ကျွန်တော့်တို့  အတွက်အခွင့်အရေးကောင်း တွေပါပဲ''ဟု နယူးဇီလန်နည်းပြဘာဇလေက အုပ်စုအ နေအထားနှင့်ပတ်သက်၍ နယူးဇီလန်ဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက်တွင် သုံးသပ်သည်။ နယူးဇီလန်အသင်းမှာ ၂ဝဝ၇၊ ၂ဝ၁၁နှင့် ၂ဝ၁၃ပြိုင်ပွဲများတွင် ဝင်ပြိုင်ခွင့်ရခဲ့ သော်လည်း အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။
မြန်မာအသင်း လျှောက်လှမ်းရမည့် နယူးဇီလန်ခရီးကြမ်း
---------------------------------------------------------------
မြန်မာယူ-၂ဝအသင်း အတွက် အုပ်စုတွင်း ပြိုင်ဘက်များက အင်အားကြီး အသင်းများ မဟုတ်သော် လည်း ပြိုင်ပွဲနှင့်မစိမ်းသည့် အသင်းများဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်သည့်အသင်းများဖြစ်သည်။ အထူးသဖြင့် အဖွင့် ပွဲစဉ်တွင်တွေ့ဆုံရမည့် အမေရိကန်အသင်းနှင့် ပွဲစဉ်က အခက်ခဲ ဆုံးဖြစ်လာနိုင်သည်။ မြန်မာယူ-၂ဝ နည်းပြ ဂတ်ဇီစီကတော့ ခန္ဓာကိုယ်ကြီးထွားသည့် အသင်းများ နှင့် ကစားရမည်ဖြစ်သော်လည်း ယင်းအ ချက်ကို အသုံးချ ခံမည်မဟုတ်ကြောင်း ဖီဖာဝက်ဘ်ဆိုက်တွင်ပြောကြား သည်။
''ကျွန်တော်တို့ ပရိသတ်တွေကို စိတ်မပျက်စေ ရဘူးဆိုတာပြောရဲပါတယ်။ ပြိုင်ဘက်အသင်းတွေက ခန္ဓာကိုယ်ကိုအားပြုပြီး ခပ်ကြမ်းကြမ်း ကစားလာမှာဖြစ် ပေမယ့် ကျွန်တော်တို့က သူတို့ထက်ဘောလုံးကစားတာ ပိုကောင်းပါတယ်။ အသင်းကကစားသမားလေးတွေက သေးငယ်တဲ့အတွက် ခန္ဓာကိုယ်ကြီးထွား တိုးတက်လာ အောင်လုပ်တဲ့နေရာမှာ အများကြီးလုပ်လို့ မဖြစ်ပါဘူး။ တစ်ယောက်ချင်းအနေအထားမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြီး ကိုယ့်ဆီက ဘောလုံးကိုပြိုင်ဘက်က ခန္ဓာကိုယ် ကိုအသုံးချပြီး လုမယူနိုင်အောင် ကစားခိုင်းမှာပါ။ ဒီလို ကိုယ့်ကိုယ်ပိုင် ကစားဟန်နဲ့ ကစားနိုင်ပြီဆိုရင်တော့ အ ခွင့်အရေးကောင်းရှိပါတယ်။ လွယ်ကူမှာမဟုတ်ပေမယ့် နောက်တစ်ဆင့်တက်ဖို့ ရည်မှန်းထားပါတယ်''ဟု ယင်း ကသုံးသပ်သည်။
မြန်မာယူ-၂ဝအသင်းအနေဖြင့် ကမ္ဘာ့ဖလား ပွဲစဉ်များ မကစားမီကာလအတွင်း အင်္ဂလန်၊ ဂျာမနီ၊ သြစတြေးလျနိုင်ငံများတွင်လည်း ခြေစမ်းပွဲများကစား မည်ဖြစ်ရာ ပြိုင်ပွဲအတွေ့အကြုံများစွာရရှိမည် ဖြစ်သော် လည်း အဓိကကစားသမားများ ဒဏ်ရာရရှိမှုမရှိစေရန် အထူးဂရုပြုရမည်ဖြစ်သည်။ ၁၆သင်းအဆင့်အား အုပ်စု တွင်းအမှတ်အများဆုံးအသင်းနှစ်သင်းအပြင် အကောင်း ဆုံး တတိယအသင်း လေးသင်းပါ တက်ရောက်ခွင့်ရှိသည် က မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ် သည်။
ယူကရိန်းထိပ်သီး ရှက်တာဒိုးနက်လူငယ်အသင်း ကိုလည်း တူရကီခြေစမ်းပွဲတွင် အနိုင်ရရှိထားရာ မြန်မာ အသင်းအတွက် အိမ်ရှင်နှင့် အတွေ့အကြုံရှိအမေရိကန် တို့ထက် ယူကရိန်းနှင့်ပွဲအား ပိုမိုမျှော်လင့်နိုင်မည်ဖြစ် သည်။ သို့သော် ပြိုင်ဘက်အသင်း ကိုယ်စီကလည်း ကမ္ဘာ့ ဖလားသမိုင်းတွင် မှတ်တမ်းကောင်းများ ရေးထိုးနိုင်ရေး အပြိုင်ကြိုးစားလာမည်ဖြစ်ရာ ပထမဆုံးအကြိမ် ကမ္ဘာ့အ ဆင့်သို့ တက်လှမ်းလာသည့် မြန်မာအသင်း၏ နယူးဇီ လန်ခရီးကတော့ ခက်ခဲကြမ်းတမ်းမည်မှာ သေချာ လို့နေကြောင်း...။
ဝဏ္ဏကို | The Flower News

မှတ်ချက်များ