မြန်မာပြည်အနေနဲ့တင်စားပြီး ရွေးကောက်ခံရမယ့် ရွာသူဇာတ်ကောင်အဖြစ် ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ့် နန်းမြတ်ဖြိုးသင်း
နယ်ရှိုးတွေ ဆိုဖြစ်နေပြီး ရုပ်ရှင်ကားကြီးကိုလဲ ပြင်ဦးလွင်မှာ သွားရိုက်ဖို့ရှိတဲ့ နန်းမြတ်ဖြိုးသင်းက သင်္ကြန်
ခွေတစ်ခွေမှာလဲ ထက်ယံနဲ့အတူတူ တွဲဖက်သီဆိုထားတယ်လို့ သိရတာကြောင့် သူမနဲ့ မေးမြန်းကြည့် လိုက်တော့ “သီချင်းတွေ ဆိုဖြစ်နေတယ်။ ပြီးရင် ပြင်ဦးလွင် တက်မယ်။ ကားကြီး ရိုက်မယ်။ ပြီးတော့ ဂီတ နဲ့ပတ်သတ်ပြီး နန်းမြတ်ရော၊ နန်းသူဇာရော တစ်ကိုယ်တော်ခွေလေးတွေ ထွက်ဖို့ရှိတယ်။
ခုထွက်ထားတဲ့ သူငယ်ချင်း အမ်တီဗီလေးကလဲ ရောင်းရတယ်။ ပရိသတ်တွေလဲ အားပေးကြတယ်။ သရုပ်ဆောင်ရော၊ အဆိုဖက်ရောက နန်းမြတ် နှစ်ခုလုံးကို အရမ်းလဲ ၀ါသနာပါတယ်။ ကိုယ်လဲ ကြိုးကြိုးစား စား လုပ်ထားတဲ့အရာ တွေဖြစ်တဲ့အတွက် နှစ်ခုလုံးကို အပြည့်အ၀ ကြိုးစားသွားမှာပါ။”လို့ သူမက ပြောပြ သွားပါတယ်။
ကားကြီးအနေနဲ့လည်း ပြင်ဦးလွင်မှာ ရိုက်ဖို့ရှိတယ်လို့ ဖွင့်ဟလာတဲ့ သူမက “ရုပ်ရှင်ကားကြီးနာမည်က အီဖေကိုတို့ ရွေးကောက်ပွဲတဲ့။ ကိုခန့်ရယ်၊ ဇေရဲထက်၊ ကိုထွန်းထွန်း၊ ကိုညီထွဋ်ခေါင်ရယ်ပါ။ ရုပ်ရှင်ကား ကြီးက နန်းမြတ်ရွေးချယ်မှု မရှိပါဘူး။ ဒီကာရိုက်တာက ရွေးချယ်စရာ မလိုပဲ အကြွင်းမဲ့ လက်ခံရမဲ့ ကားမျိုး မို့လို့ပါ။ ကာရိုက်တာကတော့ ရွာသူလေးကို မြန်မာပြည်အနေနဲ့တင်စားပြီး ရွေးကောက်ပွဲ လုပ်ကြတဲ့ပုံ စံလေးပါ”တဲ့
Trend Myanmar

မှတ်ချက်များ